သင်ခန်းစာ (၇)
မေလ ၇ - ၁၃
အာဗြဟံနှင့်ထားရှိသောပဋိညာဉ်
ဥပုသ်နေ့မွန်းလွဲပိုင်း
မေလ ၇ ရက်
ဖတ်ရန်ကျမ်းချက်များ။ က၊ ၁၅-၁၉း၂၉။ ရောမ၊ ၄း၃၊ ၄၊ ၉၊ ၂၂။ ဂလာတိ၊ ၄း၂၁-၃၁။ ရောမ၊ ၄း၁၁။ ရောမ၊ ၉း၉။ အာမုတ်၊ ၄း၁၁။
အလွတ်ကျမ်းချက် ‘‘အာဗြံက၊ အရှင်ထာဝရဘုရား၊ အကျွနု်ပ်သည်သားမရှိဘဲ သွားရပါ၏။ ဤဒမာသက်မြို့သားဧလျာဇာသည် အကျွနု်ပ်၏အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ်ကျေးဇူးကို ပြုတော်မူပါမည်နည်းဟု လျှောက်ဆို၏’’ (က၊ ၁၅း၂)။
က၊ ၁၅ တွင် ဘုရားသခင်သည် အာဗြဟံနှင့်ပဋိညာဉ်ပြုသော အကြောင်းကို ရေးသားထားသည်။ အာဗြဟံ၏ပဋိညာဉ်ပြုပြီးနောက် ထပ်မံပြုသော ပဋိညာဉ်ဖြစ်သည်။
နောဧ၏ပဋိညာဉ်ကဲ့သို့ အာဗြဟံ၏ပဋိညာဉ်တွင် အခြားလူမျိုးများ အတွက်လည်းပါဝင်ပါသည်။ အတိအကျပြောရသော် အာဗြဟံနှင့်ပြုသော ပဋိညာဉ်သည် ထာဝရပဋိညာဉ်အပိုင်းတစ်ပိုင်းလည်းဖြစ်သည်။ လူသားမျိုးနွယ် အားလုံးအတွက် ချပေးသောအခွင့်အရေးလည်းဖြစ်သည် (က၊ ၁၇း၇။ ဟေဗြဲ ၁၃း၂ဝ)။
အာဗြဟံ၏အသက်တာ၌ ကြောက်စရာနှင့်ဝမ်းသာရယ်မောရသော အချိန်များ အပြည့်ပါရှိသည်။ အာဗြံကြောက်ရသောအချိန် (က၊ ၁၅း၁)၊ စာရာကြောက်သောအချိန် (က၊ ၁၈း၁၅)၊ နှင့် ဟာဂရကြောက်သောအချိန် (က၊ ၂၁း၁၇)။ အာဗြံရယ်မောရသောအချိန် (က၊ ၁၇း၁၇) စာရာ (က၊ ၁၈း၁၂) နှင့် ဣရှမေလ (က၊ ၂၁း၉) ယင်းကျမ်းပိုဒ်တို့သည် လူသားတို့၏ ခံစားချက်နှင့် နွေးထွေးခြင်းအကြောင်းများပါရှိသည်။ ကောက်ကျစ် ဆိုးသွမ်းသော သောဒုံလူများကိုချစ်စိတ်ဖြင့် ကယ်တင်ခဲ့သူဖြစ်သည်။ အာဗြံသည် စာရာ၊ ဟာဂရနှင့်လောတတို့ကို ပြုစုစောင့်ရှောက်သူလည်းဖြစ်သည်။ တစ်ပြည်တစ်ရွာ မှလာသော ဧည့်သည်သုံးဦးကိုလည်း ဧည့်ဝတ်ပျူငှာစွာပြုစုခဲ့သည်။ (က၊ ၁၈း၆)။
အာဗြံ၏အမည်ကို ကြားရုံနှင့်မြင့်မြတ်ခြင်း၊ ရိုသေဖွယ်ကောင်းခြင်းရှိ၍ အာဗြဟံဟုပြောင်းလဲခေါ်ဝေါ်သမုတ်ခံခဲ့ရသည်။ အဓိပ္ပာယ်မှာ လူမျိုးတို့၏ ဖခင်ကြီးဖြစ်သည် (က၊ ၁၇း၅)။ သို့ဖြစ်၍ အာဗြဟံနှင့်ဖွဲ့သောပဋိညာဉ်အားဖြင့် ဘုရားရှင်သည် ကမ္ဘာလုံးဆိုင်ရာအကြံအစည်တော်ကို သိမြင်နိုင်ပါသည်။
တနင်္ဂနွေနေ့
မေလ ၈ ရက်
အာဗြဟံ၏ယုံကြည်ခြင်း
က၊ ၁၅း၁-၂၁ နှင့် ရောမ ၄း၃၊ ၄၊ ၉၊ ၂၂ ကိုဖတ်ပါ။ အာဗြံသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ကြရန် မည်သို့ဖော်ပြခဲ့သနည်း။ အာဗြံပြသသော ဆက်ကပ်ခြင်းသဘော၏အဓိပ္ပာယ်သည် မည်သို့နည်း။
ပထမဘုရားရှင်၏အာဗြံသို့ တုံ့ပြန်သောအချက်မှာ အမွေစားအမွေခံ စေရန်အကြောင်းဖြစ်သည် (က၊ ၁၅း၁-၃)။ အဓိပ္ပာယ်မှာ သူ၏အသွေးအသားမှ မွေးဖွားလာမည့်သားတစ်ယောက်ဖြစ်သည် (က၊ ၁၅း၄)။ ထိုသတင်းကို ပုရောဖက်နာသန်မှလည်း ရောက်ရှိလာမည့်မေရှိယသခင်၏ အမျိုးအနွယ် မည်သည်ကဆင်းသက်လာမည့်အကြောင်း ထပ်မံဟောပြောပြန်သည် (၂ရာ ၇း၁၂)။ အာဗြံသည် ‘‘ဘုရားရှင်ကိုသာ၍သာ၍ယုံကြည်ခဲ့သည်’’ (က၊ ၁၅း၆)။ အဘယ်ကြောင့်ဆိုသော် သူ၏ဖြောင့်မတ်ခြင်းကိုမှီခို၍ ဘုရားသခင်၏ ကတိတော်ကို ပြည့်စုံအောင် လုပ်ဆောင်၍မရကြောင်း၊ ဘုရားရှင်သာလျှင် အရာအားလုံးကို လုပ်ဆောင်ပေးနိုင်ကြောင်းကို အသေအချာယုံကြည်ခြင်းကြောင့် ဖြစ်သည်။ (က၊ ၁၅း၆ ကို ရောမ၊ ၄း၅၊ ၆) နှင့်နှိုင်းယှဉ်ပါ။
ယင်းမှတ်ချက်သည် သာမန်ထက်သာလွန်သော သဘောထား ဖြစ်သည်။ အထူးသဖြင့်အနာဂတ်အတွက် ယဉ်ကျေးမှုထုံးစံနှင့်စပ်ဆိုင်သော ကိစ္စဖြစ်သည်။ ရှေးခေတ်အဲဂုတ္တုတို့၏ဘာသာရေး၌ လူတစ်ယောက်၏ တရားစီရင်မှုအဆုံးအဖြတ်ကို ထိုသူ၏လုပ်ဆောင်မှုအပေါ်၊ ထိုသူသည် မည်မျှဖြောင့်မတ်ခြင်းအပေါ်၊ လူသား၏ ကောင်းမှုပြုခြင်းအပေါ်သုံးသပ်ပြီး ‘‘မာအဲ့’’ ဘုရားမသည် ဖြောင့်မတ်ခြင်း ကိုယ်စားပြုထားသူ ဖြစ်၏။ အတိုချုပ်ဆိုသော် ကယ်တင်ခြင်းကိုဝယ်ယူရသည်။
သို့ဖြစ်၍ ဘုရားသခင်သည် အာဗြံအဖို့ပူဇော်ဆက်သခြင်းပွဲကို သတ်မှတ်ပေးခဲ့သည်။ အခြေခံအားဖြင့် ယင်းပူဇော်ပွဲသည် ခရစ်တော်၏ အသေခံ ခြင်းကိုပုံဆောင်ကာ ကျွနု်ပ်တို့အပြစ်အားလုံးအတွက် အဖိုးအခ ဖြစ်စေသည်။ လူသားများတို့သည် ကရုဏာကျေးဇူးတော်ဖြင့် ကယ်တင်ခြင်း ရရှိကြသည်။ ထိုကရုဏာတော်သည် ဖြောင့်မတ်ခြင်းအတွက် လက်ဆောင် ဖြစ်သည်။ ပူဇော်ဆက်သ ခြင်း၏အကြောင်းရင်း ပုံဆောင်ချက်ဖြစ်သည်။ သို့သော်လည်း ထိုဆက်ကပ်ပွဲသည် အာဗြံအတွက် အထူးသတင်းကောင်း ဖြစ်သည်။ ယဇ်ပူဇော်ရန်အတွက် သားကောင်လေး အကြောင်းဖြစ်သည် (က၊ ၁၅း၉-၁၁)။ အဓိပ္ပာယ်မှာ အာဗြံမှဆင်းသက်လာသော မျိုးဆက်၌ ကျွန်ဘဝအဖြစ်အချိန်အတိုင်းအတာတစ်ခုအဖြစ် ‘‘နှစ်ပေါင်းလေးရာ’’ ကျွန်ခံရမည် (က၊ ၁၅း၁၃)။ သို့မဟုတ် မျိုးဆက်လေးဆက်တိုင်တိုင် ကျွန်ခံရမည် (က၊ ၁၅း၁၆)။ သို့ဖြင့် စတုတ္ဃမျိုးဆက်၌ အာဗြံ၏ အမျိုးအနွယ်တို့သည် ‘‘ပြန်လာကြရမည်’’ (က၊ ၁၅း၁၆)။
နောက်ဆုံးပူဇော်ပွဲ၏မြင်ကွင်းသည် ဇာတ်လမ်းဆန်ဆန်ဖြင့် အဆုံးသတ်ခဲ့သည်။ ခွဲထားသောအသားအလယ်၌ ထွက်သောမီးခိုး မီးထွန်းလင်းသောမီးခွက် (က၊ ၁၅း၁၇)။ သဘာဝထက်လွန်သော သာမန်မဟုတ်သည့် အခြင်းအရာသည်ဘုရားသခင်၏ အံ့ဖွယ်လက္ခဏာအဖြစ် အာဗြံ၏အမျိုးအနွယ်များကို ကတိတော်ပေးထားသောပြည်ကို အမွေစား အပိုင်ပေးရန်ထားရှိသော ပဋိညာဉ်ကတိကို ပြည့်စုံစေခြင်းဖြစ်သည် (က၊ ၁၅း၁၈)။
ကတိတော်ပြည်၏နယ်နိမိတ်ပတ်လည်မှာ ‘‘အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီး တည်းဟူသော ဥဖရတ်မြစ်တိုင်အောင်’’ (က၊ ၁၅း၁၈) ဧဒင်ဥယျာဉ်၏ နယ်နိမိတ်ကိုသတိရစေပါသည် (က၊ ၂း၁၃၊ ၁၄ နှင့်နှိုင်းယှဉ်ပါ)။ ထိုအနာဂတ္တိိစကားမှာ ပါရှိသောအချက်သည် ဣသရေလလူမျိုးများအတွက် ကျွန်သပေါက်ဘဝမှသည် နေထိုင်ရန်ကိုယ်ပိုင်ပြည်ကြီး ရရှိပိုင်ဆိုင်သည့် အထိပါရှိပါသည်။ ပုရောဖက်ကြိုတင်ဟောပြောထားသော အချိန် အတိုင်းအတာနှင့် အာဗြဟံ၏ မျိုးစဉ်ဆွေဆက်များမှစ၍ ခါနာန်ပြည်သို့ အပိုင်သိမ်းယူချိန်အထိအကြောင်းသည် နောက်ဆုံးကာလဘုရားသခင်၏ လူတို့ကယ်တင်ခြင်းရရှိ၍ ဧဒင်ဥယျာဉ်သို့ ပြန်လာမည့်အချက်ကို ပုံဆောင် ပေးထားခြင်းဖြစ်သည်။
ခရစ်တော်သာလျှင် ကျွန်ုပ်တို့၏မျှော်လင့်စရာနှင့် ကယ်တင်ရာသခင် ဖြစ်ကြောင်း ကျွနပ်တို့မည်သို့အာရုံစိုက်နိုင်မည်နည်း။ ကျွန်ုပ်တို့၏ ကောင်းသောအကျင့်ကို အားကိုးနေမည် ဆိုလျှင် မည်သို့ဖြစ်သွားမည်နည်း။
တနင်္လာနေ့
မေလ ၉ ရက်
အာဗြဟံ၏သံသယစိတ်
က၊ ၁၆း ၁-၁၆ ကိုဖတ်ပါ။ ဘုရားသခင်၏ကတိတော်ရှိနေလျက် အာဗြံသည် ဟာဂရနှင့်ယူရန်ဆုံးဖြတ်ခြင်း၏ သင်္ကေတသဘောသည် မည်သို့ရှိသနည်း။ မိန်းမနှစ်ဦး၏ဖြစ်စဉ်သည် မည်သို့သောယုံကြည်ခြင်း သဘောထားနှစ်မျိုးကို ဖြစ်စေပါသနည်း (ဂလာတိ၊ ၄း၂၁-၃၁)။
အာဗြံသည်သံသယစိတ်ဝင်လာသောအခါ (က၊ ၁၅း၂)၊ ဘုရားသခင် သည် သူ့အားသားတစ်ယောက်ရရှိမည်အကြောင်း ပြန်၍နှစ်သိမ့်ပေးသည်။ ဆယ်နှစ်ကြာသော်လည်း အာဗြံသားကိုမရသေးချေ။ ဘုရားသခင်၏ခိုင်မာသော ပြောထားချက်ဖြစ်သော်လည်း အာဗြံသည် ယုံကြည်မှုကိုလက်လျှော့ပစ်ရန် အခြေစိုက်လာခဲ့သည်။ မိမိ၏မယားစာရဲနှင့် သားတစ်ယောက်ရမည်ကို မဖြစ်နိုင်တော့ဟု အာဗြံသံသယဝင်လာတော့သည်။ စာရဲနှင့်ဆိုလျှင် မျှော်လင့်စရာမရှိတော့ပါ။ သို့ဖြစ်၍ အရှေ့တိုင်း၏ထုံးစံဓလေ့အရ စဉ်းစားလာရသည်။ ဟာဂရသည် စာရဲ၏ အစေခံမိန်းကလေးဖြစ်သည်။ စာရဲကိုအရာခပ်သိမ်းဦပစုပေးရသည်။ လိုအပ်သမျှ လုပ်ပေးရမည့်တာဝန်ရှိသည်။ အမှန်ပင် လူသား၏အကြံအစည်သည် ဘုရားသခင်၏ ကတိတော်ထက် ပို၍ထိရောက်မည်ဟု အမြင်ရှိတော့သည်။
ဧဝနှင့်တူ၏။ အာဗြံသည် အာဒံ၏အပြစ်နှင့်တူသည်) တူညီသော ကြိယာနှင့်စကားစုကိုလည်း ဖော်ပြသည်။ (ယူ၍ပေးသည်) ဖြစ်စဉ်နှစ်ရပ်လုံးမှာ ဘုရားရှင်ခိုင်းစေခြင်းမရှိပါ။ မိမိသဘောဖြင့် လုပ်ဆောင်ကြခြင်းဖြစ်သည်။
တမန်တော်ရှင်ပေါလုသည် ယင်းကိစ္စနှင့်ပတ်သက်၍ အကျင့်နှင့် ကျေးဇူး ကရုဏာတော်အကြောင်းကို ရှင်းလင်းထားသည် (ဂလာတိ၊ ၄း၂၃-၂၆)။ အကြောင်းအရာနှစ်ခုလုံး၌ ရလဒ်မှာတူညီနေသည်။ ဘုရားရှင်မပါရှိသော လူသားတို့၏ အကြံအစည်သည် ဒုက္ခပြသနာနှင့်ပင်အဆုံးသတ်ကြရမည်။ သူတို့၏ လုပ်ဆောင်ဆောင်ချက်၌ ဘုရားရှင်လုံးဝပါဝင်ခြင်းမရှိကြောင်း၊ စာရဲသည် ဘုရားသခင်၏ အကြောင်းကိုပြောနေသော်လည်း ဘုရားနှင့်စကားမပြောခဲ့ပါ။ ဘုရားရှင်လည်း သူတို့ကို စကားမိန့်တော်မူခြင်းမရှိခဲ့ပါ။ ဘုရားရှင်မပါရှိလျှင် မအောင်မြင်ပါ။ အထူးသဖြင့် ရှေ့ဖော်ပြခဲ့သောအခန်း၌ ဘုရားရှင်မပါရှိ သည်နောက် ပြသနာများဖြစ်လာသည်။
ထိုနောက်မှာ ဘုရားရှင်သည် ဟာဂရဆီသို့ရောက်လာသည်။ အာဗြံ၏အိမ်မှ ထွက်ခွာလာခြင်းကြောင့်ဖြစ်သည်။ မမျှော်လင့်ဘဲ ဘုရားရှင်ထင်ရှားလာခြင်း သဘောသည် ကိုယ်တော်မပါရှိလျှင် လူသားတို့၏ ကြိုးစားခြင်းသည် မအောင်မြင်ကြောင်း ပြသခြင်းဖြစ်သည်။ ‘‘ဘုရားသခင်၏ ကောင်းကင်တမန်’’ ဟု (က၊ ၁၆း၇) ၌ ဖော်ပြသော်လည်း မကြာခဏ ဘုရားသခင်ဟူ၍သာထင်ရှားသည်။ ‘‘ယာဝဲ’’ (က၊ ၁၈း၁၊ ၁၃၊ ၂၂)။ ဘုရားရှင်သည် ဟာဂရအားအရေးတယူဖြင့် သားယောက်ျားလေး တစ်ဦး ဖွားမြင်မည့်အကြောင်း၊ ဣရှမေလ အမည်ဖြင့် မှည့်ရမည်အကြောင်းနှင့် အဓိပ္ပာယ် မှာ ဘုရားရှင်နားညောင်းတော်မူကြောင်း မိန့်ကြားခဲ့သည် (က၊ ၁၆း၁၁)။ အကြောင်းအရာ၏အဆုံး၌ နားညောင်းခြင်း အကြောင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ ရာဇဝင်၏ပထမပိုင်းသို့ ပြန်၍ကောက်ယူလျှင် အာဗြံသည် မယားစာရဲ၏ စကားကို လက်ခံသဘောတူသည်၊ နားထောင်သည်ဟု ပါရှိလာခဲ့သည်။
အာဗြံ၏အပြုအမူမျိုး၊ အမှားမျိုး ကျွနု်ပ်တို့မည်သို့လွယ်လွယ်ကူကူ အဘယ်ကြောင့်လုပ်နိုင်မည်နည်း။
အင်္ဂါနေ့
မေလ ၁ဝ ရက်
အာဗြဟံနှင့်ပြုသောပဋိညာဉ်၏အမှတ်အသား
က၊ ၁၇း ၁-၁၉ နှင့် ရောမ ၄း၁၁ ကိုဖတ်ပါ။ အရေဖျားလှီးခြင်း ဓလေ့၌ ဝိညာဉ်ရေးသဘောနှင့် ပုရောဖက်ပြုစကားအမှတ်အသား မည်သို့ရှိသနည်း။
အာဗြံသည် ယုံကြည်ခြင်းယိမ်းယိုင်သွားခဲ့သည်ဟု ရှေ့မှဖေါ်ပြသော အကြောင်းအရာအရသိရသည် (က၊ ၁၆)။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သော ဝိညာဉ်ရေးအသက်တာ ပြတ်တောက်သွားခဲ့သည်။ ယင်းအချိန်အတွင်း ဘုရားရှင်သည် တိတ်တဆိတ်နေတော်မူခဲ့သည်။ နောက်တစ်ဖန်ဘုရားရှင်ပြန်၍ မိန့်တော်မူပြန်သည်။ ပြုခဲ့သောပဋိညာဉ်ကို ပြန်၍သတိရစေပြီး အာဗြံကိုဘုရားရှင်ပြန်၍ ဆွဲယူတော်မူသည် (က၊ ၁၅း၁၈)။
ဘုရားရှင်သည် အာဗြံ၌အမှတ်အသားတစ်ခုပြုခဲ့သည်။ အရေဖျားလှီးခြင်းနှင့် ပတ်သက်၍ ကျမ်းတတ်ပုဂ္ဂိုလ်များ ကာလကြာရှည်စွာ ဆွေးနွေးမှုပြုခဲ့ကြသည်။ အရေဖျားလှီးခြင်းဓလေ့၌ အသွေးသွန်းခြင်း အကြောင်းသည် အမြဲပါဝင်လာသည် (ထွက်၊ ၄း၂၅)။ ပူဇော်ခြင်းနှင့်ပတ်သက် သည်ဟုနားလည်ရသည်။ ဖြောင့်မတ်ခြင်းသဘောကိုပေးသည့် လက္ခဏာ ဖြစ်သည်။ (ရောမ ၄း၁၁ နှင့်နှိုင်းယှဉ်ပါ)။
ပဋိညာဉ်၏လက္ခဏာသည် အရေဖျားလှီးခြင်းအားဖြင့် လက္ခဏာ ပြုခဲ့သည်။ ကြွလာမည့်မေရှိယ၏အကြောင်းကို ကြိုတင်ဟောထားသော ပထမဦးဆုံးပုရောဖက် ပြုချက်ကို ပြန်၍ညွန်ပြသောအဓိပ္ပာယ်လည်း ဆောင်ပါသည်။ (က၊ ၁၇း၇ နှင့် က၊ ၃း၁၅ ကို နှိုင်းယှဉ်ပါ)။ ဤကျမ်းချက်နှစ်ချက်သည် အာဗြံကိုဘုရားရှင်ကတိထားသော ကတိတော်၌ လူတစ်ဦးမွေးဖွားလာခြင်းထက်ပိုသော အကြောင်းအရာပါရှိနေပါသည်။ ကမ္ဘာပေါ်ရှိလူအားလုံးအတွက် ကယ်တင်ခြင်းနှင့်ပတ်သက်သော ဝိညာဉ်ရေးကတိတော် လည်း ပါဝင်သည်။ ထိုနောက်မှာ ‘‘ထာဝရပဋိညာဉ်’’ ၏ကတိတော်အရာ၌ (က၊ ၁၇း၇) မွေးဖွားလာမည့်မေရှိယ၏မျိုးနွယ်၊ ခရစ်တော်၏တင်လှူအပူဇော်ခံခြင်းသည် လူအားလုံးအတွက် ထာဝရအသက်ကို သေချာစေကြောင်း ယုံကြည်ခြင်းဖြင့် ယုံကြည်ခြင်းသာလျှင် ထာဝရအသက်ကို ရရှိစေနိုင်မည်။ (ရောမ၊ ၆း၂၃ နှင့် တိတု၊ ၁း၂ ကိုနှိုင်းယှဉ်ပါ)။
စိတ်ဝင်စားစရာကောင်းသည်မှာ အနာဂတ်၌ ထာဝရတည်ရှိမည့် ကတိတော် အပါအဝင် အာဗြံနှင့်စာရဲတို့၏ ပုံသဏဥာန်ရုပ်လွာသာဖြစ်သည်။ အာဗြံ၏အဓိပ္ပာယ်မှာ ‘‘ချီးမြှောက်ခံရသောဖခင်’’ ဖြစ်၍ ‘‘စာရဲ’’ ၏ အဓိပ္ပာယ်မှာ ‘‘ငါ၏မင်းသမီးလေး’’ (အာဗြံ၏မင်းသမီးလေး) ဟူ၍ဖြစ်သည်။ နာမည်ကို ပြောင်းလိုက်သောအခါမှာ အာဗြဟံနှင့်စာရာဟူ၍ဖြစ်လာသည်။ အာဗြဟံ၏ အဓိပ္ပာယ်မှာ ‘‘လူမျိုးများစွာ၏ဖခင်’’ ဖြစ်လာသလို စာရာ၏အဓိပ္ပာယ်မှာ ‘‘မင်းသမီး’’ (လူတိုင်းအတွက်) ဖြစ်လာသည်။ ထိုကဲ့သို့ဖြစ်၍ သူတို့၏အမည်များနှင့်အပြိုင် ဣဇာက်၏အဓိပ္ပာယ်မှာ ‘‘သူရယ်မောလိမ့်မည်’’ အာဗြဟံဝမ်းမြောက်စွာရယ်မောခြင်းကို အမှတ်ရစေပါသည်။ ပထမဦးဆုံး ရယ်မောသူဟု ကျမ်းစာ၌မှတ်တမ်းပြုထားသည် (က၊ ၁၇း၁၇)။ မယုံနိုင်၍ ရယ်မောခြင်းဖြစ်သလို အံ့သြ၍ရယ်မောခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ၊ ဘုရားရှင်၏ကတိတော်ကို ရှင်းရှင်းလင်းလင်းယုံကြည်ခဲ့သော်လည်း အာဗြဟံသည် ယုံကြည်ခြင်းနှင့်ကိုးစားမှုတွင် လုံးပန်းခဲ့ရသည်။
အာဗြဟံကဲ့သို့လိုမျိုး ယုံကြည်ခြင်းအပေါ်လုံးပန်းလာခဲ့ရလျှင် ကျွန်ုပ်တို့သင်ခန်းစာ မည်သို့ရယူနိုင်မည်နည်း။ သံသယနှင့်စိတ်ပျက်ရသော အချိန်ရောက်လာသည့်တိုင်အောင် အဘယ်ကြောင့် လက်မြှောက်အရှုံးေပးရန် မလိုအပ်သနည်း။
ဗုဒ္ဓဟူးနေ့
မေလ ၁၁ ရက်
ကတိထားတော်မူသောသားယောက်ျား
နောက်ဆုံး၌ အရေဖျားလှီးခြင်းသည် အားလုံးအတွက်ပါဝင်လာသည်။ ဣရှမေလအတွက်သက်သက်မဟုတ်တော့ပါ။ အိမ်တော်ထဲ၌ရှိသော ယောက်ျားလေးတိုင်း အရေဖျားလှီးရတော့သည် (က၊ ၁၇း၂၃-၂၇)။ ကိုးလ် ဟုခေါ်သောစကားမှာ ‘‘အားလုံး’’ ‘‘အယောက်တိုင်း’’ ဟူ၍ လေးကြိမ်တိုင် ပြန်ရေးသားထားသည် (က၊ ၁၇း၂၃၊၂၇)။ အာဗြဟံအား သားယောက်ျား၊ ဣဇာက်ကိုပေးအပ်ထားသော ကတိတော်၏နောက်ခံ သမိုင်းကြောင်းနှင့် ဆန့်ကျင်နေသည်။
က၊ ၁၈း၁-၁၅ နှင့် ရောမ၊ ၉း၉ ကိုဖတ်ပါ။ အာဗြဟံသည် ဧည့်သည်များကို ပျူငှာစွာကြိုဆိုဧည့်ခံခြင်းမှ ကျွနု်ပ်တို့သင်ခန်းစာမည်သို့ ရရှိသနည်း။ အာဗြဟံ၏ဧည့်ဝတ်ကျေပွန်မှုသည် ဘုရားရှင်တုံ့ပြန်သည့်အကြောင်း သင်မည်သို့ ရှင်းပြနိုင်မည်နည်း။
အာဗြဟံသည် ရောက်လာသောသူစိမ်းဧည့်သည်များကို သိကျွမ်းခြင်း ရှိမရှိရှင်းရှင်းလင်းလင်းဖော်ပြ၍မထားပါ။ သို့သော် ထိုသူတို့နှင့်အတူ ဘုရားသခင်ရှိ နေသည့်ပုံစံဖြင့် ပြုမူဆက်ဆံသည် (ဟေဗြဲ၊ ၁၃း၂)။ နေပူသောအချိန်တွင်အာဗြဟံသည် ‘‘တဲတံခါးဝ၌ထိုင်လျက်’’ (က၊ ၁၈း၁) အကြောင်းမှာ သဲကန္တာရခရီး၌ သူစိမ်း ဧည့်သည်များ ရောက်လာခဲ့၏။ ဧည့်သည်ကို သူမျှော်လင့်နေသည်။ ‘‘ခရီးဦးကြိုပြုခြင်းငှာ တဲတံခါးဝမှပြေး၍ကြိုဆို၏’’ (က၊ ၁၈း၂) အသက်(၉၉)နှစ် ရှိနေပြီဖြစ်သည်။ ထိုပုဂ္ဂိုလ်များအထဲမှတစ်ဦးကို ‘‘အဒိုနှိုင်း’’ ‘‘ကျွန်ုပ်သခင်’’ ဟုခေါ်လိုက်သည် (က၊ ၁၈း၃)၊ ထိုသို့သောဘွဲ့ကို ဘုရားသခင်အားခေါ်ဆိုလေ့ရှိသည် (က၊ ၂ဝး၄။ ထွက်၊ ၁၅း၁၇)။ စားစရာများပြင်ဆင်ရန် မိမိ၏အစေခံများကို လိုက်လံဆော်သြ၏ (က၊ ၁၈း၆၊၇)။ ထိုနောက်တွင် ဧည့်သည်များအနီးထရပ်ကာ လိုလေသေးမရှိဦပစုရန် အကဲခတ်နေသည် (က၊ ၁၈း၈)။
အာဗြဟံ၏အပြုအမူသည် ကောင်းကင်မှလာသောသူစိမ်း ဧည့်သည်အတွက် ဧည့်ဝတ်ပျူငှာခြင်းကြောင့် စိတ်ကျေနပ်မှုရရှိသည် (ဟေဗြဲ၊ ၁၃း၂)။ အကြောင်းမှာ အာဗြဟံ၏စိတ်သဘောထားသည် ရိုသေသမှုရှိလျက် ဧည့်ဝတ်ပျူငှာသော အတွေးအခေါ်ရှိနေသည်။ ဧည့်သည်ကိုရိုသေလေးစားခြင်း နှင့် ယုယပြုစုခြင်းသည် မှန်ကန်သောယဉ်ကျေးမှု၏ အပြုအမူဖြစ်သည်။ သမ္မာကျမ်းစာမှလည်း ဘာသာရေး ဝတ္တရားဟုဖော်ပြထားသည်။ ဘုရားရှင် ကိုယ်တော်တိုင်၌ကလည်း ထိုသို့ ညွန်ကြားထားသည် (မသဲ၊ ၂၅း၃၅-၄ဝ နှင့်နှိုင်းယှဉ်ပါ)။ ခိုင်လုံသောအဆိုဖြင့် ဘုရားသခင်သည် ဆာလောင်မွတ်သိပ် သူများ၊ ဧည့်သည်များအားကျွေးမွေးခြင်းကို နှစ်သက်တော်မူသည်။ တစ်ဖက်မှာလည်း ဘုရားရှင် အကြံပေး သွန်သင်တော် မူချက်ကို လူတို့သိရှိရန်နှင့် မိမိ၏ကရုဏာတော်မေတ္တာတော်သည် လူသားများအပေါ် သွန်းလောင်းစေတော်မူသည်။ ထိုသို့ထင်ရှားသောဘုရားသည်ခရစ်တော်နှင့် အတူပါရှိတော် မူခဲ့သည်။ ခရစ်တော်သည် ကောင်းကင်အိမ်တော်ကိုချန်ထားကာ လောကကိုဆင်းကြွလာပြီး လူသားတစ်ဦးကဲ့သို့ သူတစ်ပါး၏အစေကို ခံယူခဲ့သည် (ဖိလိပ္ပိ၊ ၂း၇၊၈)။ ဘုရားရှင်၏ထင်ရှားခြင်းသည် ကိုယ်တော်၏ကတိတော်ကို သေချာစေခြင်းဖြစ်သည် (က၊ ၁၈း၁ဝ)။ ကိုယ်တော်သည် စာရာကိုတွေ့မြင်နေသည်။ သူမသည် ပုန်းလျှိုးကွယ်လျှိုး ပြုလုပ်ခဲ့သည် (က၊ ၁၈း၁ဝ)။ ထိုထက်မက သူမ၏စိတ်ထဲ၌စဉ်းစားသော အရာကိုလည်း ကိုယ်တော်သိတော်မူသည်။ သူမရယ်ကြောင်းကို ကိုယ်တော်သိတော်မူသည်။ ‘‘ရယ်မောသည်’’ ဟုမိန့်သော စကားသည်လည်း နောက်ဆုံးစကားဖြစ်သည်။ သူမ၏စိတ်ဇဝေဇဝါဖြစ်ခြင်းသည် ကိုယ်တော်၏ စကားတော်ကိုပြည့်စုံစေသော နေရာဖြစ်ခဲ့သည်။
ဘုရားသခင်သည် ဆာလောင်မွတ်သိပ်သူ၊ အကူအညီလိုသူ၊ သူစိမ်းဧည့်သည်ကို သနားလက်ခံကူညီသူထက်သာ၍ အလေးထားသည်ဟူသော စကားအဓိပ္ပာယ်သည် မည်သို့ရှိသနည်း။ ထိုအယူအဆသည် ကျွနု်ပ်တို့အတွက် အမြဲသတိရစေရန် မည်မျှအရေးကြီးသနည်း။
ကြာသပတေးနေ့
မေလ ၁၂ ရက်
သောဒုံမြို့၌နေထိုင်သောလောတ
က၊ ၁၈း၁၆-၁၉း၂၉ ကိုဖတ်ပါ။ အာဗြဟံ၏ကြိုတင်ပြောသော စကားသည် လောတအတွက် သူ၌တာဝန်ဝတ္တရား မည်သို့သက်ရောက် သွားသနည်း။
အာဗြဟံသည် သားရမည့်ကတိတော်အတွက် ဘုရားရှင်မှပြန်၍ အတည်ပြု ပေးသောကြောင့် ပျော်ရွင်ရမည့်အချိန်တွင် သောဒုံမြို့၌နေထိုင်သော သူ၏ တူ လောတ အတွက် ပြောဆိုနေရသည်။ အာဗြဟံသည် ဘုရားရှင်၏ စေခိုင်းခြင်းကိုဖော်ပြသော ပုရောဖက်တစ်ပါးသာမက ဆိုးသွမ်းသူများအတွက်ပါ ကြားဝင်လုပ်ဆောင်ပေးနေသော ပုရောဖက်ဖြစ်သည်။ ဟေဗြဲစကားစုတစ်ခု၌ ‘‘ဘုရားသခင်ရှေ့တွင်ရပ်လျက်’’ (က၊ ၁၈း၂၂) သည် ဆုတောင်းခြင်းကို ဆိုလိုသည်။
အာဗြဟံသည် ဘုရားသခင်နှင့်စိန်ခေါ်မှုဦပလာသော သောဒုံမြို့အတွက် စျေးဆစ်ခဲ့သည်။ သူ၏တူတော်လောတနေထိုင်သောအရပ်ဖြစ်သည်။ လူဦးရေ ၅ဝ မှစ၍ ၁ဝ အထိစျေးဆစ်ခဲ့သည်။ လူကောင်း ၁ဝ ယောက်မျှရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကိုမဖျက်ဆီးဟူသော ကတိကိုတောင်းခဲ့သည်။
ကောင်းကင်တမန်နှစ်ပါးသည် လောတရှိသောအိမ်သို့ရောက်လာပြီး မည်သို့ ဖြစ်မည့်အကြောင်းကို သတိပေးသည် (က၊ ၁၉း၁-၁ဝ)။ လူတို့သည် မည်မျှ ဆိုးသွမ်းမိုက်ကန်းနေကြောင်းကို ကျွန်ုပ်တို့အကြောင်းအရာကို ဖတ်သောအခါသိရသည်။ ထိုနေရာသည် အမှန်တကယ်ပင်ဆိုးယုတ်သော နေရာဖြစ်သည်။ ပတ်ပတ်လည်၌ တိုင်းနိုင်ငံလူမျိုးများစွာ ဝန်းရံထားသော နေရာဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် ထိုပြည်မှနှင်ထုတ်ခံကြရသည် (က၊ ၁၅း၁၆)။
‘‘သောဒုံမြို့၏နောက်ဆုံးညသို့ရောက်လာပြီ’’ တိမ်မည်းကြီးများသည် မြို့ကို ဖုံးအုပ်လာပြီ။ သို့သော် လူတို့သည် သတိမမူကြပါ။ ကောင်းကင်တမန် တို့သည် ဖျက်ဆီးခြင်းအမှုကိုပြုရန် ချဉ်းကပ်လာသည်။ လူတို့သည် ကြွယ်ဝခြင်းရှိရန်နှင့် ပျော်ရွင်မှုကိုသာစဉ်းစားနေသည်။ နောက်ဆုံးညသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း နေဝင် မိုးချုပ်သည်သဘာဝလည်ပတ်သည်အတိုင်းပင်။ လူတို့သည်လည်း လုံလုံခြုံခြုံ အေးအေး ဆေးဆေးဟု သဘောထားကြသည်။ ကမ္ဘာကြီးကိုနေ၏ အလင်းရောင် သန်းစ ပြုလာ ေသည်။ လူသားအားလုံးသည်လည်း အေးဆေးပင်ဖြစ်သည်။ ပျော်ရွင်မှု အပေါင်းတို့သည်လည်း ဟိုဒီကူးလူးလျက် ဝမ်းသာနေသော နာရီအချိန်လေး ပင်ဖြစ်သည်။ ရှေးဘိုးဘေးနှင့်ပရောဖက်များ စစ. ၁၅၇၊ ၁၅၈.
အဆုံးမှာလောတကိုသာ ဘုရားရှင်ကယ်တင်ခဲ့သည်။ သူ၏မယား၊ သူ၏သမီးနှစ်ယောက် စုစုပေါင်းလေးယောက်ဖြစ်၍ (၁ဝ) ယောက်၏ ထက်ဝက်ပင်မပြည့်ပါ (က၊ ၁၉း၁၅)။ သူ၏သမက်၊ လောတ၏ သတိပေးခြင်းကို ဂရုမစိုက်သူသည် ဦမိ့ထဲတွင်ကျန်ရစ်ခဲ့ရသည် (က၊ ၁၉း၁၄)။
လှပသောမြို့သည်ဖျက်ဆီးခြင်းခံရသည်။ ဟေဗြဲ၏ကြိယာပိုဒ်ဖြစ်သော ‘‘ဟပ်အခ်’’ ‘‘မှောက်လှန်ပစ်သည်’’ ဟုအဓိပ္ပာယ်ရှိ၍ ကျမ်းပိုဒ်၌ အကြိမ်များစွာ ရေးသားထားသည် (က၊ ၁၉း၂၁၊ ၂၅၊ ၂၉)၊ သောဒုံမြို့ကို ဖျက်ဆီးခြင်းအဖြစ်ကိုဆိုလိုသည် (တရား၊ ၂၉း၂၃၊ အာမုတ်၊ ၄း၁၁)။ ဆိုလိုချက်မှာ ထိုပြည်သည် ရေလွမ်းမိုးပြီး၍ အစမှပြန်၍တည်ရသကဲ့သို့ အစသို့ပြန်သွားသည်။ ကမ္ဘာကိုဖန်ဆင်းစ မည်သည့် အရာမျှမရှိသည့် အနေအထားသို့ပြန်ရောက်သည် (က၊ ၆း၇)။ သောဒုံမြို့ကို ဖျက်ဆီးခြင်းသည် ဧဒင်ဥယျာဉ်အား ပြန်၍ဖန်ဆင်းရသောပုံစံနှင့်တူသည် (က၊ ၁၃း၁ဝ)။ သောဒုံမြို့ကိုဖျက်ဆီးသည့်နမူနာမှာ ကျွန်ုပ်တို့အတွက် နောက်ဆုံးသောအချိန် ကမ္ဘာမြေကိုဖျက်ဆီးမည်အကြောင်းကို ကြိုတင်ပြသပေးသည်။ (ယုဒ၊ ၇)။
သောကြာနေ့
မေလ ၁၃ ရက်
ဆက်လက်လေ့လာရန်။ အယ်လင်ဂျီဝှိုက်၏ ‘‘ပညတ်နှင့်ပဋိညာဉ်’’ ခေါင်းစဉ်ပါ ရှေးဘိုးဘေး များနှင့်ပုရောဖက်များစာအုပ်မှ စာမျက်နှာ ၃၇ဝ-၃၇၃ ကိုဖတ်ပါ။
အာဗြဟံသည် စိတ်ရှည်စွာ၊ ဇွဲရှိစွာဖြင့် သောဒုံဦမိ့သူဦမိ့သားများအတွက် တောင်းပန်၍စျေးဆစ်ခဲ့သည် (က၊ ၁၈း၂၂-၃၃)။ ကျွနု်ပ်တို့သည်လည်း ဆိုးသွမ်း သူများအတွက် ဆုတောင်းပေးသင့်ကြောင်း၊ အပြစ်၌ပျော်မွေ့၍ မျှော်လင့်ချက်မဲ့သော အခြေအနေတွင်ရှိသော်လည်း ထိုသူတို့အတွက် ဆုတောင်းပေးရမည်။ ထို့အပြင် ဘုရားသခင်သည် အဗြဟံ၏ စိတ်အားထက်သန်ခြင်းကို အရေးတယူပြုပေးခဲ့သည်။ ဖြောင့်မတ်သူ (၁ဝ) ဦးရှိနေလျှင် ဘုရားရှင်သည်ခွင့်လွတ်ပေးရန် ဆန္ဒရှိနေသည်။
‘‘လွန်ကဲသောအပြုအမူများဖြင့် ဟောင်းနွမ်းသောအတွေးအခေါ်ရှိ၍ ဆိုးချင်တိုင်း ဆိုးနေသူများအကြား၌ ဖြောင့်မတ်စွာနေသူအနည်းအများ ရှိတတ်စမြဲဖြစ်သည်။ ကျန်ကြွင်းသော ဖြောင့်မတ်သူလူနည်းစုသည် ပျက်စီးနေသူအားလုံးအတွက် လုပ်ဆောင် ပေးရန်လိုနေပါသည်။ ကျန်ကြွင်းနေသေးသော ဖြောင့်မတ်သူများအတွက် မြို့ကြီးကို ဘုရားရှင် ခွင့်လွတ်ပေးရန်တောင်းပန်ရမည်။ ကယ်တင်ခြင်းလုပ်ငန်းလုပ်ဆောင်နေသော ဘုရား၏အစေခံများသည် ထိုသဘောထားမျိုးကိုထားရှိရမည်။ လူအားလုံးအတွက် ကယ်တင်ခြင်းအလုပ်ကို လုပ်ဆောင်ပေးရမည်။’’
ကျွန်ုပ်တို့ပတ်လည်၌ရှိသော ဝိညာဉ်များစွာတို့သည် မျှော်လင့်ချက် ကင်းလျက် ပျက်စီးခြင်းသို့သက်ဆင်းနေရသည်။ သောဒုံမြို့ကျဆုံးသကဲ့သို့ ကျဆုံးနေသည်။ နေ့စဉ်ကရုဏာတော်နှင့် အဆုံးသတ်ရသည်။ နာရီတိုင်း၌ ကရုဏာတော်ကိုသာ အမှီပြုနေရသည်။သတိပေးနေသောစကားသံသည် အပြစ်သားအားလုံး လှောင်ပိတ် မိသော မြို့ထဲမှထွက်ပြေးရန် သတိပေးနေ ပါသလား။ လက်တစ်စုံသည် သေခြင်းမှလွတ်မြောက်စေရန် အနောက်သို့ပြန်၍ သင့်ကိုဆွဲနေပါသလား။ မည်သူတစ်ဦးတစ်ယောက်သည် နှိမ့်ချစွာဖြင့် တောင်းပန်ပေးနေပါသနည်း။ အာဗြဟံ၏သဘောသည် ခရစ်တော်၏ သဘောထားမျိုးဖြစ်သည်။ သားတော်သည် အပြစ်သားများအတွက် ကိုယ်စားဝင်ခံပေးသောကြားဝင်သူဖြစ်သည်။ ရွေးနုတ်ခြင်း၏ တန်ဖိုးကို ပေးဆပ်ရသူသည် လူသားများ၏ဝိညာဉ်တန်ဖိုးကို သိရှိနေသည်။
ရှေးဘိုးဘေးနှင့်ပရောဖက်များ စ. ၁၄ဝ.