သင်ခန်းစာ (၆)
ဧပြီလ ၃ဝ - မေ ၆
အာဗြဟံ၏မျိုးရိုးဇာစ်မြစ်
ဥပုသ်နေ့မွန်းလွဲပိုင်း
ဧပြီလ ၃ဝ ရက်
ဖတ်ရန်ကျမ်းချက်များ။ က၊ ၁၂၊ ဟေရှာယ၊ ၄၈း၂ဝ။ ဟေရှာယ၊ ၃၆း၆၊၉။ ယေရမိ၊ ၂း၁၈။ က၊ ၁၃။ က၊ ၁၄။ ဟေဗြဲ၊ ၇း၁-၁ဝ။
အလွတ်ကျမ်းချက် ‘‘အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည် အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ် သို့သွားသည်ကို ကိုယ်တိုင် မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏’’ (ဟေဗြဲ ၁၁း၈)။
ယခုမှာ ကျွန်ုပ်တို့သည် ကမ္ဘာဦးကျမ်း၏အလယ်နေရာတွင် ရောက်ရှိလာပြီ။ ဗဟိုကျသောအပိုင်း (က၊ ၁၂-၂၂) သည် အာဗြဟံ၏ ခရီးစဉ်အကြောင်းကို လေ့လာရပါမည်။ ပထမဦးဆုံးဘုရားရှင်ခေါ်တော်မူသော စကားတော်မှာ ‘‘လက်ခ်၊ လက်ခါ’’ ဖြစ်၍ ‘‘သွားပါ’’ ဟုအဓိပ္ပာယ်ရှိသည် (က၊ ၁၂း၁)။ ထိုအခြေအနေမှာ အာဗြဟံသည် အတိတ်ကိုချန်ထားပြီး ဒုတိယတစ်ခေါက် ထပ်မံခေါ်တော်မူသော လက်ခ်၊ လက်ခါသည် ‘‘သွားပါ’’ (က၊ ၂၂း၂) ဖြစ်၍ အာဗြဟံသည် အနာဂတ်ကို ကြိုတင်တွေးပူခြင်း မရှိရန်ဖြစ်သည်။ နောက်ဆုံးရလဒ်မှာ အာဗြဟံသည် အချိန်မရွေး လျှောက်သွား နေခဲ့ရသည်။ အတည်တကျမနေခဲ့ရပါ။ ထိုကြောင့် သူ့ကိုဧည့်သည်သူစိမ်းဟု အခေါ်ခံခဲ့ရသည်။ (က၊ ၁၇း၈)။
သူ၏ခရီးစဉ်၌အာဗြဟံသည် မည်သည့်ရေရာမှုမျိုးမျှမရှိခဲ့ပါ။ နောက်ကြောင်းကိုပြန်လှည့်ရန်လည်း မဖြစ်နိုင်။ အနာဂတ်လမ်းခရီးအတွက်လည်း မည်သည့်အရာကိုမျှ ခန့်မှန်းထား၍မရပါ။ ထိုအကြောင်းနှစ်ရပ်ကြား၌ အာဗြဟံ၏ ခရီးစဉ်သည် ယုံကြည်ခြင်းအပေါ်၌သာ အားကိုးခဲ့ရသည်။အာဗြဟံသည် ဘုရားရှင်၏ အသံတော်ကိုကြားခဲ့ရသည်။ သူကိုတည်ကြည် စေပါသည်။ ‘‘မကြောက်နှင့်’’ (က၊ ၁၅း၁)။ ထိုစကားလုံးသုံးလုံးသည် အာဗြဟံ၏ခရီးစဉ်အပိုင်းသုံးပိုင်းကို အမှတ်အသားဖြစ်စေပါသည်။ ယင်းအကြောင်းကို သင်ခန်းစာ ၆၊ ၇ နှင့် ၈ တို့တွင်လေ့လာသွားပါမည်။
အာဗြဟံသည် ယုံကြည်ခြင်းအရာ၌ နမူနာယူဖွယ်ပုဂ္ဂိုလ်ဖြစ်သည် (က၊ ၁၇း၆)။ ဟေဗြဲကျမ်းစာ၌ ယုံကြည်ခြင်းကြီးသောသူဟု သတ်မှတ်ပါသည် (နေဟမိ ၉း၇၊၈)။ ဓမ္မသစ်ကျမ်း၌ ရေးသားထားသော ဓမ္မဟောင်း အကြောင်းအရာမှာ အာဗြဟံ၏ အကြောင်းအများဆုံးဖြစ်သည်။ သို့ဖြင့် ယခုအပတ်မှစပြီး မည်သို့ အစပြုကြမည့် အကြောင်းကို သိရှိြကရမည်။
တနင်္ဂနွေနေ့
မေလ ၁ ရက်
အာဗြံထွက်ခွာခြင်း
က၊ ၁၂း၁-၉ ကိုဖတ်ပါ။ ဘုရားရှင်သည် အဘယ်ကြောင့်အာဗြံအား မိမိနေသောပြည်နှင့် မိသားစုဆွေမျိုးများကိုစွန့်ခွာရန် ခေါ်တော်မူသနည်း။ အာဗြံမည်သို့တုံ့ပြန်သနည်း။
ကျမ်းစာ၌မှတ်တမ်းမှတ်ရာအရ လူသားကိုဘုရားသခင်နောက်ဆုံး စကားပြောသောအချိန်မှာ နောဧကို ဘုရားရှင်မှရေလွမ်းမိုးပြီး ပဋိညာဉ်စကား ပြုသောအချိန်ဖြစ်သည် (က၊ ၉း၁၅-၁၇)။ နောက်တစ်ဖန်ကမ္ဘာကြီးကို စုန်းစုန်းမြုပ်ပစ်မည့်ရေလွမ်းမိုးခြင်း လုံးဝမရှိတော့ပါဟုပဋိညာဉ်ပြုထားသည်။ ဘုရားသခင်သည် အာဗြံနှင့်စကားပြန်ပြောသောအခါ လူတိုင်း၊ အမျိုးအနွယ် တိုင်းနှင့် ကမ္ဘာပေါ်ရှိသမျှလူမျိုးအနွယ်တိုင်းကို ကောင်းချီးဖြစ်စေမည်ဟု ဆိုခဲ့ပါသည်။
အနာဂတ္တိစကားကိုပြည့်စုံစေရန်မှာ အတိတ်ကိုစွန့်လွတ်ထားခဲ့ရပါမည်။ အာဗြံသည် မိမိ၏မိသားစုအားလုံးကို ချန်ထားခဲ့သည်။ ရင်းနှီးသောမိတ်ဆွေများ၊ သူ၏ပြည်၊ သူနှင့်ဆိုင်သောအရာများကိုထားရစ်ခဲ့သည်။ ‘‘သွားပါ’’ ဟု ဆိုသောစကားကို အဓိကစကားအဖြစ်ထင်ထားစေသည်။ ထွက်သွားခိုင်းသော စကားသည် ခုနစ်ကြိမ်တိုင်အကျုံးဝင်သောစကားဖြစ်သည်။ ပထမဦးဆုံးအာဗြံ ‘‘ဥရမှခါလဒဲပြည်’’ သို့ထွက်သွားခဲ့သည်။ ခါလဒဲပြည်သည် ဗာဗုလုန်လူမျိုးနေရာ အရပ်လည်းဖြစ်သည် (က၊ ၁၁း၃၁။ ဟေရှာ ၁၃း၁၉)။ ‘ဗာဗုလုန်မှထွက်လာ လော့’ စကားသည် ခေတ်အဆက်ဆက် ပုရောဖက်များကို သတိပေးစကားဖြစ် ခဲ့သည် (ဟေရှာ၊ ၄၈း၂ဝ။ ဗျာ၊ ၁၈း၄)။
အာဗြံ၏ထွက်ခွာလာခြင်းသည် သူ၏မိသားစုနှင့်လည်းသက်ဆိုင်သည်။ အာဗြံသည် မိမိရှိခဲ့သည့်ထုံးတမ်းဓလေ့ကိုစွန့်ပစ်ရသည်။ ဆက်လက်၍ ပညာရရှိရန် လေ့လာခြင်း များစွာကို ပြုလုပ်ရမည်ဖြစ်သည်။
ဘုရားရှင်ခေါ်တော်မူသောအမိန့်တော်အရ ထွက်ခွာရန်အကြောင်းနှင့် သက်ဆိုင်သော အခြားအရာများစွာရှိပါသည်။ ဟေဗြဲဝေါဟာရ ‘‘လက်ခ် လက်ခါ’’ စကားသည် တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုလျှင် ‘‘သွားပါ’’ ‘‘ကိုယ်တိုင်သွားပါ’’ ဟုအဓိပ္ပာယ်ရသည်။ အာဗြံသည်ဗာဗုလုန်မှ ထွက်ခွာလာရခြင်း၏အကြောင်းမှာ ပတ်ဝန်းကျင်ကြောင့်၊ မိသားစုအရေးကြောင့်ထက်ပိုသော အကြောင်းများ ရှိနေသေးသည်။ ဟေဗြဲစကားစုညွန်းထားသောအကြောင်း၌ ‘‘သူကိုယ်တိုင်’’ အတွက်ပင် ဖြစ်သည်။ အာဗြံသည် မိမိကိုယ်ကိုမငှဲ့ကွက်ရန်၊ ဗာဗုလုန်လူမျိုး များနှင့် ရင်းနှီးရခြင်း၏ အတိတ်ကိစ္စများကို ချန်ထားပစ်ရန်ဟု အဓိပ္ပာယ် သက်ရောက်နေပါသည်။
ထိုသို့စွန့်လွတ်ခြင်း၏ပန်းတိုင်မှာ ဘုရားသခင်ပြပေးမည့်ပြည်ကို မြင်ရရန် အတွက်ဖြစ်သည်။ ထိုစကားမျိုးကိုပင် ဣဇာက်ကိုပူဇော်သောအခါ၌ အသုံးပြုပြန်သည် (က၊ ၂၂း၂)။ မောရိယတောင်ပေါ်၌ ဣဇာက်ကို ပူဇော်ရန် ဖြစ်၍ ထိုအရပ်ကို တောင်ပေါ်မှာပင် ယေရုရှလင်၏ဗိမာန်တော်ကို တည်ဆောက်ရန်ဖြစ်သည် (၆ရာ၊ ၃း၁)။ ဘုရားသခင်ထားတော်မူသော ကတိတော်သည် နေထိုင်စရာအရပ်၊ နေထိုင်ရန် ပြည်အတွက်သက်သက် မဟုတ်ပါ။ လောကကမ္ဘာကို ကယ်တင်ခြင်းပေးရန်အတွက် ပါဝင်ပါသည်။ ထိုအကြံအစည်တော်သည် ဘုရားရှင်တစ်ဖန်ထပ်၍ ကတိတော်ကို အတည် ပြုစဉ် လူမျိုးတကာကိုကောင်းချီးပေးမည်ဟု ထပ်ဆင့်အတည်ပြုပေးပြန်သည် (က၊ ၁၂း၂၊၃)။ ဟေဗြဲစကားကြိယာပုဒ် ‘‘ဗာရာခါ’’ သည် ‘‘ကောင်းချီးပေးသည်’’ ဟုအဓိပ္ပာယ်ရှိသည်။ ထိုစာလုံးသည်ငါးကြိမ်တိုင်တိုင် ဖော်ပြအသုံးပြုထားခဲ့သည်။ စကြဝဠာဆိုင်ရာကောင်းချီးမင်္ဂလာအဖြစ် ‘‘အမျိုးအနွယ်’’ ‘‘မျိုးစေ့’’ အာဗြံ၏ အမျိုးသားသမီးမြေး၊ မြစ်များမှဆင်းသက်၍ ယေရှုခရစ်တော်သည် မွေးဖွား လာမည့်အကြောင်းကို အတိအကျကြို၍ ပြောထားသည် (တမန်၊ ၃း၂၅)။
သင်၏အတိတ်နောက်ခံအရာကို ထားပစ်ခဲ့ရန် ဘုရားရှင် အဘယ်ကြောင့် သင့်ကိုခေါ်သနည်း။ ဘုရားရှင်၏ခေါ်တော်မူခြင်းကြောင့် သင်၌ မည်သည့်အရာကို စွန့်လွတ်ရန်ရှိသနည်း။
တနင်္လာနေ့
မေလ ၂ ရက်
အဲဂုတ္တု၏စုံစမ်းခြင်း
က၊ ၁၂း၁ဝ-၂ဝ ကိုဖတ်ပါ။ အာဗြံသည် မိမိ၏ပြည်ကိုစွန့်၍ အဘယ်ကြောင့် အဲဂုတ္တုသို့ထွက်သွားရသနည်း။ ဖာရောမင်းနှင့်အာဗြံတို့၏ ကွာခြားချက် မည်သို့ရှိသနည်း။
ခိုင်လုံသောအထောက်အထားအရ အာဗြံသည် ကတိတော်ပြည်သို့ ရောက်လာခဲ့သည်။ သို့သော် အဲဂုတ္တုသို့ထွက်သွားရန် ဆုံးဖြတ်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် ကပ်ရောဂါကျရောက်ခြင်းကြောင့်ဖြစ်သည် (က၊ ၁၂း၁ဝ)။ ခါနာန်ပြည်မှလူတို့သည် အဲဂုတ္တုပြည်သို့သွားရောက်ခဲ့ကြောင်း ရှေးအီဂျစ် သမိုင်းများ၌တွေ့ရသည်။ အီဂျစ်သို့လာရခြင်းအကြောင်းမှာ ဘေးဒဏ်ကပ် ကျရောက်သောကြောင့်ဖြစ်သည်ဟု မှတ်တမ်းရှိသည်။ (မရီခရယ်) ၏ ထိုအချိန်မှာအီဂျစ်အလယ်ခေတ်ပိုင်း (ဘီစီ ၂ဝ၆ဝ မှ ၁၇ဝဝ) အကြားဖြစ်သည်ဟု မှတ်တမ်းထားကာ အာဗြံသည်လည်း သဘာဝ ကပ်ဘေးနှင့်အတူ ခါနာန်ပြည်သားများ၏ နောက်သို့ လိုက်ပါလာသည်။
ရှေးခေတ်ဣသရေလလူမျိုးများအတွက် အီဂျစ်(ခ)အဲဂုတ္တုသည် မကြာခဏ ပြသနာဖြစ်ပေါ်စေသည်။ (တော၊ ၁၄း၃။ ယေရမိ ၂း၁၈) အဲဂုတ္တုကို လူတို့သည် ဘုရားထက်ပင်အားကိုးလာတော့သည်။ အဲဂုတ္တု၌ ရေပေါသည်။ နေ့စဉ်မြစ်ကြီးကို မြင်နေရသည်။ ရေရှားသည်ကိုမစိုးရိမ်ရ။ (၄ရာ၊ ၁၈း၂၁။ ဟေရှာ၊ ၃၆း၆၊ ၉) အီဂျစ်၌နေထိုင်ခြင်းသည် နေ့စဉ်ရေကိုဖောဖောသီသီ ရရှိနေ၍ ဘုရားအပေါ်ယုံကြည် ကိုးစားခြင်း မလိုအပ်ဖြစ်နေသည်။ ဘုရားသခင် ထားသောကတိတော်ပြည်ဟု ဆိုသော်လည်း သဘာဝဘေးဒဏ်ကျရောက်သော ပြည်ဖြစ်ဖူးသည်။ အီဂျစ် (အဲဂုတ္တုပြည်သာလျှင် ပို၍ကောင်းနေသည်ဟု ထင်ရှားနေသည်)။ ဘုရားစကားကိုကြားခဲ့ရသည်တိုင် လက်တွေ့လတ်တလော ထိုသို့ဖြစ်နေသည်။
ဥရကိုချန်ထားစွန့်ခွာခဲ့သကဲ့သို့ အာဗြံသည် ခါနာန်ကိုစွန့်ခွာရပြန် သည်။ ဥရကိုစွန့်ခဲ့စဉ်မှာ အာဗြံကိုယုံကြည်ခြင်းရှိသူဟု ကျော်ကြားခဲ့သည်။ ဘုရားရှင် ခေါ်တော်မူသည်ဟု သတ်မှတ်သည်။ ယခုတွင် အာဗြံသည် မိမိ သဘောနှင့် ခါနာန်ကိုထားရစ်ခဲ့သည်။ ယခင်၌အာဗြံသည် ဘုရားရှင်ကိုအားကိုး ခဲ့သည်။ ယခုတွင်အာဗြံသည် လက်တွေ့သမားဖြစ်နေပြီ။ သူကိုယ်တိုင် အဲဂုတ္တုပြည်၌နေစဉ် အာဗြံသည် မိမိသည်လူသားထဲမှလူသားဖြစ်၍ လူသား ကဲ့သို့အားနည်းကြောင်း သက်သေပြခဲ့သည်။ စာရဲကိုပင် မိမိ၏မယားဟု မပြောရဲခဲ့ပါ။ ဘုရားရှင်၏ စောင်မတော်မူခြင်းကို ယုံကြည်မှုပျက်ခဲ့သည်။ ယုံကြည်ခြင်းချို့ယွင်းခဲ့သည်။ ရဲရင့်ခြင်းစိတ်ပျောက်လွင့်ခဲ့သည်။ရှေးဘိုးဘေးနှင့်ပရောဖက်များ စ. ၁၃ဝ.
ဘုရားသခင်အရှင်ကို ယုံကြည်ခြင်းကြီးကြီးမားမားရှိခဲ့သောသူများပင်လျှင် အမှားများပြုလုပ်မိတတ်ကြောင်းကို ကျွန်ုပ်တို့မြင်တွေ့ကြရသည်။ ဓမ္မသစ်ကျမ်းမှ အာဗြဟံ၏အကြောင်းကို ကျေးဇူးတော်ဖြင့်ကယ်တင်ခြင်းရသည်ဟု တင်စား ထားသည်။ ပုံပမာပြုထားသည်။ ထိုအကြောင်းကြောင့် ကရုဏာကျေးဇူးတော် မပါလျှင် ကျွနု်ပ်တို့အားလုံးအတွက် မျှော်လင့်ြခင်းမရှိနိုင်ေတာ့ပါ။ခရစ်ယာန်ကောင်းတစ်ဦး လမ်းလွဲနိုုင်ခဲ့သည်ကို ယင်းသင်ခန်းစာမှ ကျွနု်ပ်တို့မည်သို့သတိပေးသနည်း။ နားမထောင်ခြင်းသည် ကောင်းသော ရွေးချယ်ခြင်း ဘယ်သောအခါမျှမဖြစ်နိုင်ကြောင်း အဘယ်ကြောင့် ဖြစ်နေပါသနည်း။
အင်္ဂါနေ့
မေလ ၃ ရက်
အာဗြံနှင့်လောတ
က၊ ၁၃း၁-၁၈ ကိုဖတ်ပါ။ ဖေါ်ပြပါအကြောင်းအရာမှ ကျွနု်ပ်တို့အတွက် စာရိတ္တ၏အရေးကြီးပုံကို မည်သို့သင်ကြားထားသနည်း။
အာဗြံသည် သူနဂိုနေခဲ့သောနေရာသို့ပြန်လာခဲ့သည်။ သူသည် အဲဂုတ္တုပြည်သို့သွားခဲ့သောခရီးသည် မကောင်းသောအကြောင်းများနှင့်သာ ကြုံခဲ့ရသည်။ ဘုရားရှင်သည် အာဗြံနှင့်တစ်ဖန်ပြန်၍ ကတိတော်ပြည်၌ စတင်ပြန်သည်။ အာဗြံ၏ပထမစခန်းချသောနေရာသည် ဗေသလဖြစ်သည် (က၊ ၁၃း၃)။ ထိုနေရာ၌ ပထမတစ်ခေါက်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ (က၊ ၁၂း၃-၆) အာဗြံသည်နောင်တဖြင့် မိမိကိုယ်ကိုပြန်၍ဆင်ခြင်ခဲ့သည်။ အာဗြံသည် ယုံကြည်ခြင်းတည်သော ပုဂ္ဂိုလ်ဖြစ်သည်။
အာဗြံသည် ဘုရားသခင်နှင့်ပြန်၍ ဆက်သွယ်ခြင်းအဖြစ်ထင်ရှားသော သဘောမှာ လူများနှင့်ပေါင်းသင်းဆက်ဆံပုံဖြစ်သည်။ အထူးသဖြင့်လောတ၏ ကိစ္စ၌ကိုင်တွယ် ဖြေရှင်းသည်။ မြေနေရာအပိုင်ခွဲဝေရာ၌ ဦးစားပေးခြင်းသဘော ကိုပြသခဲ့သည်။ အာဗြံသည် လောတကိုဦးစားပေးရွေးချယ်ခိုင်းရာ၌ သူကိုယ်တိုင်မှ အေးဆေးတည်ငြိမ်ကြောင်းကို ပြသခဲ့ခြင်းဖြစ်သည် (က၊ ၁၃း၉၊ ၁ဝ)။ ရက်ရောခြင်း၊ ကြင်နာမှုရှိခြင်းကို ဖော်ဆောင်ပါသည်။ အာဗြံ သည် သနားကြင်နာတတ်သူဖြစ်ကြောင်း သက်သေပြခဲ့သည်။
လောတသည် မြေသြဇာကောင်း၊ ရေကောင်း၍သွားလာရလွယ်ကူသော နေရာကို ရွေးချယ်ခဲ့သော်လည်း ပတ်ဝန်းကျင်လူတို့၏ ဆိုးသွမ်းမှုကို ဂရုမစိုက်ခဲ့ပါ (က၊ ၁၃း၁ဝ၊၁၁။ က၊ ၁၃း၁၃)။ လောတ၏လောဘကြီးခြင်း၊ သူ၏စာရိတ္တအကြောင်းကို မဖော်ပြထားပါ။ ‘‘မိမိအတွက်၊ မိမိအဖို့’’ ဟုဆိုသောစကားစု၏အဓိပ္ပာယ်မှာ ရေမလွမ်းမိုးမီ အချိန်ကပင် လူတို့သည် အတ္တလောဘစိတ်ရှိကြကြောင်းကို သတိပေးခြင်းဖြစ်သည်။ မိမိအတွက်သာ ကြည့်တတ်သောသဘောကိုဆိုလိုပါသည်။ (က၊ ၆း၂)။
အာဗြံတစ်နေရာမှတစ်နေရာ ပြောင်းရွေ့နေထိုင်ခြင်းသည် သူ၏ ယုံကြည်ခြင်းဟု အသိအမှတ်ပြုသည်။ ယုံကြည်စိတ်ချမှုရှိကြောင်း၊ မြေနေရာ ဒေသမရွေးကြောင်းကို ဖော်ပြပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကိုသာ ယုံကြည်နေခြင်းဖြစ်သည်။ လောတနှင့်မတူ အာဗြံသည် မြေကြီးကိုကြည့်လျက် ဘုရားရှင် သဘောအတိုင်း ဟုခံယူသည် (က၊ ၁၃း၁၄)။ လောတနှင့်စတင် ခွဲခွာသောအခါ၌ ဘုရားရှင်သည် အာဗြံနှင့်ပြန်လည် စကားပြောပြန်သည် (က၊ ၁၃း၁၄)။ အဓိပ္ပာယ်မှာ ‘‘ဥရ’’ မှထွက်လာပြီးနောက်ပိုင်း ဘုရားရှင်သည် အာဗြံနှင့်ထပ်မံစကားပြောဆိုခြင်းသည် ပထမဆုံးဖြစ်ပြန်သည်။ ‘‘လောတ သည် အာဗြံနှင့်ခွဲ၍သွားပြီးမှ ထာဝရဘုရားသည် အာဗြံကိုခေါ်၍ သင်ရှိသော အရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့ မျှော်ကြည့်လော့။ သင်မြင်သောမြေတစ်ပြင်လုံးကို သင်နှင့်သင်၏အမျိုးအနွယ်အား၊ ငါသည် ကာလအစဉ်အမြဲပေးမည် (က၊ ၁၃း၁၄၊ ၁၅)။ ထိုနောက်မှာ ဘုရားရှင်သည် အာဗြံအား ‘‘လျှောက်သွားရန်’’ ဖိတ်ခေါ်တော်မူ၏။ ပိုင်ရှင်တစ်ဦးကဲ့သို့ မြေနေရာများကိုလျှောက်ကြည့်စေပါသည်။ ‘‘သင်ထ၍မြေကို အလျားအားဖြင့် လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း လျှောက်သွားလော့။ သင့်အား ငါပေးမည်ဟုမိန့်တော်မူ၏’’ (က၊ ၁၃း၁၇)။
ဘုရားရှင်သည် ရှင်းလင်းပြတ်သားစွာ အာဗြံကိုလက်ဆောင်အဖြစ် ပေးကြောင်း၊ ထိုလက်ဆောင်သည် မိမိကရုဏာတော်သာလျှင်ဖြစ်သည်။ အကြောင်းမှာ အာဗြံသည် ကိုယ်တော်ကို ကိုးစားယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ထိုယုံကြည်ခြင်းသာ နာခံခြင်းသို့တက်လှမ်းသွားသည်။ ဘုရားရှင်သာလျှင် အာဗြံကို တစ်ဖက်သတ် ကတိတော်ပေးခြင်းဖြင့် ကရုဏာတော်ကောင်းချီးကို ချပြခဲ့သည် (က၊ ၁၃း၁၄-၁၇)။
သူတစ်ပါးကို ရက်ရောကြင်နာခြင်းသဘောရရှိစေရန် ကျွနု်ပ်တို့ မည်သို့သင်ယူနိုင်သနည်း။ သူတို့သည် ကျွနု်ပ်တို့ကို သဒ္ဒါစိတ်ထား မပြသနိုင်သည့်တိုင် ကျွနု်ပ်တို့မည်သို့ကရုဏာကို ပြသနိုင်မည်နည်း။
ဗုဒ္ဓဟူးနေ့
မေလ ၄ ရက်
ဗာဗုလုန်ရဲတိုက်၌ယာယီပေါင်းစည်းခြင်း
က၊ ၁၄း၁-၁၇ ကိုဖတ်ပါ။ ကတိတော်ပြည်ကိုလက်ဆောင်ပေးသည် နှင့်တိုက်ပွဲများမည်သို့စတင်လာခဲ့သနည်း။ အဗြံ၏ရာဇဝင်သည် ကျွနု်ပ်တို့ အတွက် သင်ခန်းစာမည်သို့ရစေပါသနည်း။
သမ္မာကျမ်းစာ၌ ပထမဦးဆုံးစစ်ပွဲဖြစ်သည် (က၊ ၁၄း၂)။ မေသောပေါတေမိနှင့်ပါရှန်တို့ပေါင်းကာ စစ်တပ်လေးတပ်ဖြင့် ယာယီ ပေါင်းစည်းပြီး ခါနနိစစ်တပ်ငါးတပ်အပါအဝင် သောဒုံမင်း၊ ဂေါမောရမင်းတို့ မဟာမိတ်ဖွဲ့ကာ စစ်ခင်းကြသည် (က၊ ၁၄း၈)။ ကြီးကျယ်သောတိုက်ပွဲကြီး ဖြစ်သည် (က၊ ၁၄း၉)။ စစ်ဖြစ်ရခြင်းအကြောင်းရင်းကား ခါနနိလူတို့သည် ပုန်ကန်ထကြွကာ ဗာဗုလုန်လူမျိုးကို ပြန်လည်တိုက်ခိုက်ကြခြင်းကြောင့်ဖြစ် သည်။ (က၊ ၁၄း၄၊၅) စစ်ပွဲမှာရာဇဝင်အရ ပဋိပက္ခဖြစ်ခဲ့ရ၍ ‘‘ကမ္ဘာစစ်ကြီး’’ သဖွယ်ဖြစ်လာစေသည်။ ထိုအချိန်မှာအာဗြံကို ဘုရားရှင်ကတိတော်ပြည်ကို ပေးသောအချိန်ကာလဖြစ်သည်။ ဝိညာဉ်ရေး အမှတ်အသားအဖြစ် ပေါ်လွင် သောအဖြစ်အပျက်လည်းဖြစ်ခဲ့သည်။
ခါနာန်ပြည်ရှိလူများသည် စစ်ပွဲ၌ပါဝင်ခြင်း၏အဓိပ္ပာယ်မှာ နယ်မြေတိုင်းပြည်ကို အုပ်ချုပ်သောစနစ်ကို မနှစ်မြို့ခြင်းဟုထင်ရှားသည်။ ခိုင်လုံသောအချက်မှာ အာဗြံ၏စခန်းအတွင်း အမှန်တကယ်စိတ်ဝင်စားဖွယ် ကောင်းသောအကြောင်း အရာများရှိပါသည်။ အကြောင်းမှာ သူသည်ထိုပြည်၏ ပိုင်ရှင်အစစ်အမှန်ဖြစ်နေပါသည်။ ပဋိပက္ခအရှုပ်အထွေးကြား၌ အာဗြံမရှိပါ။
အာဗြံသည် ကတိတော်ပြည်ကို အင်အားအလုံးအရင်းနှင့် လက်နက်ခဲယမ်းများအသုံးပြုကာ သိမ်းပိုက်ရန်မလိုပါ။ နိုင်ငံရေးဗျူဟာ သုံးရန်လည်းမလိုပါ။ အာဗြံပိုင်သောနိုင်ငံတိုင်းပြည်သည် ဘုရားရှင်သုံးရန်လည်းမလိုပါ။ အာဗြံပိုင်သောနိုင်ငံတိုင်းပြည်သည် ဘုရားရှင် လက်ဆောင်ပေးထားသည်။ တစ်ခုတည်းသောအကြောင်းမှာ အာဗြံသည် မိမိ၏တူလောတ၏ကြမ္မာကို ဝင်ရောက်ဖြေရှင်းပေးရန်သာရှိသည်။ စစ်ပွဲ၌ သုံ့ပန်းအဖြစ်ဖမ်းဆီးခြင်းခံသွားကြရသည် (က၊ ၁၄း၁၂၊ ၁၃)။
အာဗြဟံသည် တဲကိုပြောင်း၍ ဟေဗြုန်မြို့မံရေသပိတ်တောသို့ ရောက်မှ နေရာကျ၍ အေးဆေးငြိမ်သက်လျက်နေထိုင်စဉ် စစ်ပွဲသတင်းကို ကြားသိရလျက် မိမိ၏တူလောတတို့ ဒုက္ခရောက်နေသည့်သတင်းကိုကြားလျှင် စိတ်အလွန် ပင်ပန်းလျက်ရှိသည်။ လောတမှ သူ့အပေါ်ပြုမူဆက်ဆံခဲ့ပုံများကို လုံးဝစိတ်ထဲမထည့်။ မိမိ၏တူလောတကို ကယ်တင်ရမည်ဟူသောစိတ်သာ နိုးထလာခဲ့သည်။ သို့ဖြစ်၍ စစ်တိုက်ရန်ပထမဦးဆုံးဘုရားရှင်ကို မေးမြန်းခဲ့ရသည်။ ရှေးဘိုးဘေးနှင့်ပရောဖက်များ စ. ၁၃၅.
အာဗြံသည် ရှိသမျှမဟာမိတ်တပ်များကို ရင်ဆိုင်ခဲ့သည်မဟုတ်ပါ။ သူ၏ကွန်မန်ဒိုတပ်သားများနှင့်အတူ လောတကို ဖမ်းထားသောစခန်းကိုသာ ဝင်ရောက်စီးနင်းချေမှုန်းခဲ့သည်။ လောတသည် သောဒုံမင်းကြီးနှင့်အတူ လွတ်မြောက် လာခဲ့သည်။ ယုံကြည်ခြင်းအားကြီးသောအာဗြံသည် ရဲစွမ်းသတ္တိနှင့် လည်းကောင်း၊ သန်မာခိုင်ခံ့ခြင်းနှင့်လည်းကောင်း ပြည့်စုံသူ ဖြစ်သည်။ သူကြီးပြင်းလာခဲ့သောနေရာ၌ သူ့ကိုအထင်မသေးကြောင်းကို ဖော်ပြလိုက်သည်။ လူများသည် အာဗြံ၏ ဘုရားရှင်အပေါ် အားကိုးယုံကြည်ခြင်း အမှုကိုမြင်တွေ့ သွားရသည်။
ကျွန်ုပ်တို့အနေဖြင့် တစ်ပါးသူများအပေါ် သြဇာလွမ်းမိုးနိုင်သော လုပ်ရပ်မည်သို့ရှိသနည်း။ မည်သို့သောသတင်းစကားမျိုးဖြင့် ကျွန်ုပ်တို့ လုပ်ဆောင်ချက်၌ ယုံကြည်ခြင်းအကြောင်းကို ဖော်ြပပါသနည်း။
ကြာသပတေးနေ့
မေလ ၅ ရက်
မေလခိဇေဒက်အတွက်ဆယ်ဖို့တစ်ဖို့
က၊ ၁၄း၁၈-၂၄ နှင့် ဟေဗြဲ ၇း၁-၁ဝ ကိုဖတ်ပါ။ မေလခိဇေဒက် သည်မည်သူနည်း။ အဘယ်ကြောင့်အာဗြံသည် ထိုယဇ်ပုရောဟိတ်ကို မိမိ၏ ဆယ်ဖို့တစ်ဖို့အား ပေးရသနည်း။ ယနေ့ ထိုပုဂ္ဂိုလ်နှင့်တူသောသူရှိပါသလား။
မေလခိဇေဒက်အကြောင်းသည် အမှတ်မထင်ပေါ်လာသော အကြောင်းဖြစ်သည်။ မည်သည့်နေရာ၌ နေထိုင်သည်ကိုလည်းမသိရပါ။ ခါနနိလူမျိုးများတို့၏ဘုရင်သည် အာဗြံကိုကျေးဇူးတင်လက်ဆောင်များ ပေးလာသောအခါ အာဗြံသည် ယဇ်ပုရောဟိတ်မင်း မေလခိဇေဒက်ကို သတိရ ကျေးဇူးတင်ကာ ဆယ်ဖို့တစ်ဖို့ကို ပေးခဲ့သည်။
မေလခိဇေဒက်သည် ရှာလုန်အရပ်မှလာသည်ဟုသိရသည်။ ‘‘ငြိမ်းချမ်းရေး’’ ဟုအဓိပ္ပာယ်ရှိ၏။ စစ်ပွဲများပြီးဆုံးသွားသောအချိန် အခြေ အနေကိုဆိုလိုပါသည်။ ‘‘တစီးဒက်ခ်’’ (အျနိနု) ဆိုသောဝေါဟာရသည် ‘‘တရားမျှတခြင်း’’ ဖြစ်၍ မေလခိဇေဒက်၏အမည်ကို ရည်ညွန်းသည်။ သောဒုံမင်းကြီးဟူ၍လည်း ဖော်ပြထားသည်။ ‘‘ဘယ်ရာ’’ ‘‘မကောင်းမှု’’ နှင့် ဂေါမောရ နှင့် ဦ‘‘ဗာရရှာ’’ (ဆိုးယုတ်ခြင်း) ဟုအဓိပ္ပာယ်ရှိကာ နောက်ဆုံး၌ ကိုယ်စားပြုနာမည်ခေါ်ဆိုသော အခြေအနေ ဖြစ်ကောင်းဖြစ်နိုင်ပါသည် (က၊ ၁၄း၂)။
မေလခိဇေဒက်သည် ခါနနိလူမျိုးမင်းများ ပဋိပက္ခဖြစ်ကြပြီးမှ ပေါ်လာသောမင်း၊ မကောင်းမှုသောင်းကျန်းမှုနောက်ပိုင်းမှ ထင်ရှားလာသော မင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ ပထမဦးဆုံး ‘‘ယဇ်ပုရောဟိတ်’’ ဆိုသော အခေါ်အဝေါ်ကိုလည်း စတင်တွေ့ရသော ကျမ်းပိုဒ်ဖြစ်နေပြန်သည် (က၊ ၁၄း၁၈)။ မေလခိဇေဒက်နှင့် ပတ်သက်သော အနက်အဓိပ္ပာယ်မှာ ‘‘အမြင့်ဆုံး သောထာဝရဘုရား’’ ဟု (က၊ ၁၄း၁၈) မှ အာဗြံသူကိုယ်တိုင်ကိုးကွယ်သော ထာဝရဘုရားဟုခေါ်သူဖြစ်သည် (က၊ ၁၄း၂၂)။ ရှင်းလင်းလှသော စကားရပ်အနေဖြင့် အာဗြံသည် ထိုသူကို သူကိုယ်တိုင်ကိုးကွယ်သော ထာဝရဘုရား၏ ယဇ်ပုရောဟိတ်မင်းကြီးဟုပြသနေပါသည်။ မေလခိဇေဒက် သည် ခရစ်တော်ကိုညွန်းဆိုခြင်းမဟုတ်ပါ။ ထိုခေတ်ထိုအချိန်အခါ၌ရှိသော ဘုရားသခင်၏ ကိုယ်စားလှယ်အဖြစ်ရှိသော လူထဲမှလူတစ်ဦးဖြစ်သည်။
မေလခိဇေဒက်သည် ယဇ်ပုရောဟိတ်တစ်ပါးအဖြစ် တရားဝင် ထားရှိသည်။ သူသည် ‘‘မုန့်နှင့်စပျစ်ရည်’’ ကိုဝေပေးသူ၊ စပျစ်ရည်မှာလည်း လတ်ဆတ်သော စပျစ်ရည်ကိုသာ ဆိုလိုပါသည် (တရား၊ ၇း၁၃။ ၆ရာ၊ ၃၁း၅)။ တစ်ခါဆယ်ဖို့တစ်ဖို့ပေးခြင်းအကြောင်း၌ ပြန်၍ပေါ်လာပြန်သည် (တရား၊ ၁၄း၂၃)။ ဖြည့်စွက်ရန်မှာ သူသည်အာဗြံအား လက်ဆင့်ကမ်း ကောင်းချီးရရှိစေသူဖြစ်သည် (က၊ ၁၄း၁၉)။
အာဗြံသည် ရှိသမျှဆယ်ဖို့တစ်ဖို့ကို ပေးသည်ဟုအဓိပ္ပာယ် ထင်ရှားသည် (က၊ ၁၄း၂ဝ)။ အကြောင်းမှာ ဖန်ဆင်းရှင်ထာဝရဘုရားကို ကျေးဇူးတုံ့ပြန်ခြင်းသဘော ဟုဆိုလိုသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ‘‘ကောင်းကင်မြေကြီးကို ပိုင်သသောအရှင်’’ ဟုအာဗြံ သိရှိထားခြင်းကြောင့်ဖြစ်သည် (က၊ ၁၄း၁၉)။ ထိုဘွဲ့နာမတော်သည် ဖန်ဆင်းခြင်းအကြောင်းမှစတင်ကာ မိတ်ဆက်ထားသော ဘွဲ့နာမဖြစ်သည် (က၊ ၁း၁)။ ကောင်းကင်နှင့်မြေကြီးဟု တင်စား ခေါ်ဆိုသော စကားစု၏အဓိပ္ပာယ်မှာ ရှိရှိသမျှအရာအားလုံးဟု အဓိပ္ပာယ်ရှိသည်။ ထိုကြောင့် ဆယ်ဖို့တစ်ဖို့သည် ကျေးဇူးတင်ဂုဏ်ပြုကာ ဖန်ဆင်းရှင်ကိုချီးမြှင့်သောအရာဖြစ်သည်။ ကိုယ်တော်သည် အရာအားလုံးကိုပိုင်ဆိုင်ကြောင်းကိုပြသည်။ (ဟေဗြဲ ၇း၂-၆) ကို (က၊ ၂၈း၂၂) နှင့်နှိုင်းယှဉ်ဖတ်ပါ။ ဆယ်ဖို့တစ်ဖို့သည် ဘုရားကို လက်ဆောင် ပေးသောအရာမဟုတ်။ မိမိကုိးကွယ်ယုံြကည်ေနသူကိုကောင်းစွာနားလည်သိရှိကာ ကျေးဇူးတုံ့ပြန်သောကိစ္စဖြစ်သည်။ ထာဝရ ဘုရားမှချပေးသော ကောင်းချီး လက်ဆောင်ကို ပြန်၍ပေးခြင်းသာဖြစ်သည်။ ဘုရားသခင်သည် နဂိုကပင် ကျွန်ုပ်တို့ကိုအရာခပ်သိမ်းပေးထားပြီးဖြစ်သည်။
ဆယ်ဖို့တစ်ဖို့ပြန်ပေးခြင်းသည် ယုံကြည်ခြင်း၏ခွန်အားဟု အဘယ်ကြောင့် သတ်မှတ်နိုင်သနည်း။ ကြီးမားသောယုံကြည်ခြင်း တည်ဆောက်ခြင်းအပြုအမူအရ အဘယ်ကြောင့်ခေါ်နိုင်သနည်း။
သောကြာနေ့
မေလ ၆ ရက်
ဆက်လက်လေ့လာရန်။ အယ်လင်ဂျီဝှိုက်၏ ရှေးဘိုးဘေးများနှင့်ပုရောဖက်များစာအုပ် စာမျက်နှာ ၁၃၄ – ၁၃၆ မှ ‘‘ခါနာန်ပြည်မှအာဗြဟံ’’ ခေါင်းစဉ်ပါ အကြောင်းကိုဖတ်ပါ။
ခရစ်တော်၏အသင်းတော်သည် ကောင်းချီးနှင့်ပြည့်ဝစေရမည်။ အသင်းသားများသည်လည်း ကောင်းချီးခံစားရသကဲ့သို့ အခြားသူများအတွက် ကောင်းချီးမင်္ဂလာဖြစ်စေရပါမည်။ လူတို့ကို ဘုရားရှင်စတင်ရွေးချယ်၍ ကမ္ဘာကြီးပေါ် နေရာချထားခြင်း၌ သားသမီးအဖြစ် မွေးစားရုံသက်သက် မဟုတ်ပါ။ သူတို့သည် ကမ္ဘာသူကမ္ဘာသားများအားလုံးအတွက် ကောင်းချီးဖြစ်စေသော အလင်းဖြစ်ရန် ဖြစ်သည်။ အာဗြံကိုဘုရားရှင်စတင် ရွေးချယ်သောအခါ ဘုရားရှင်၏ မိတ်ဆွေသက်သက်ဖြစ်စေရန်မဟုတ်ပါ။ ကြားခံလူ အထူးသောပုဂ္ဂိုလ်အဖြစ် ဘုရားသခင်နှင့် လူမျိုးတို့အကြား ဆက်သွယ်ပေးရန် အထူးအခွင့်အရေး ဖန်တီးလိုက်ခြင်းဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်ပတ်လည်၌ မှောင်မိုက်ကမ္ဘာအတွင်း စာရိတ္တကျဆင်းနေသူများ အကြား အလင်းထွန်းလင်းနိုင်ရန်အတွက်ဖြစ်သည်။
‘‘ထာဝရဘုရားသည် မိမိ၏သားသမီးတို့ကို အလင်းနှင့်သမ္မာတရား အားဖြင့် ကောင်းချီးပေးတော်မူလျှင် ထာဝရအသက်တစ်ခုတည်း ရရှိရန်သာမကပါ၊ ထိုသူတို့၏ပတ်ဝန်းကျင်ရှိလူများ ဝိညာဉ်ရေးအလင်း ရရှိရန်လည်းပါဝင်သည်။ သင်တို့သည် လောက၏ဆားဖြစ်ကြ၏။ ထာဝရဘုရားသည် မိမိ၏သားသမီးများကို ဆားဖြစ်စေသောအခါ သူတို့၏ ကိုယ်တိုင်အတွက် မပျက်မစီးထားရန် အတွက်သာမဟုတ်၊ အခြားသူများလည်း မပုပ်မသိုးမပျက်မစီးစေရန်တာဝန်ရှိသည်။
သင်သည် ဘုရားရှင်၏အဆောက်အဦ၌ လင်းလက်သော ကျောက်ကဲ့သို့ ဖြစ်နေပါသလား။ ကိုယ်တော်သာမကူညီလျှင် ကျွနု်ပ်တို့အနေဖြင့် ကောင်းသော ဘာသာတရားကို ရရှိနိုင်မည်မဟုတ်ပါ။ ကျွနု်ပ်တို့အသက်တာ၌ လုပ်သမျှအရာအားလုံး ဘုရားတရားစိတ်ရှိနိုင်ရန် ခရစ်တော်၏ကရုဏာတော်ကို စိတ်နှလုံးထဲ ပြောင်းလဲ ခံယူရန်လိုပါသည်။ အတ္တနှင့်မိမိကိုယ်ကို ကြွားဝါခြင်းအားလုံးကို လျော့ပစ်ရပါမည်။ ယေရှုကိုပို၍ပို၍ အလေးထားတတ်ရန် လိုအပ်ပါသည်။