သင်ခန်းစာ 1

မတ်လ ၂၆ - ဧပြီ ၁

ဖန်ဆင်းခြင်း

ဥပုသ်‌နေ့မွန်းလွဲပိုင်

ဖတ်ရန်ကျမ်းချက်များ။    ဆာ၊ ၁ဝဝး၁-၃။ ကမ္ဘာ၊ ၁-၂။ ထွက်၊ ၂ဝး၈-၁၁။ ထွက်၊ ၄ဝး၃၃။ မသဲ၊ ၂၅း၁၄-၃ဝ။ မသဲ၊ ၁၉း၇-၉။

အလွတ်ကျမ်းချက် ‘‘အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏’’ (ကမ္ဘာ၊ ၁း၁)။

ကမ္ဘာဦးကျမ်းသော်လည်းကောင်း၊ ကျမ်းစာတစ်အုပ်လုံးသော် လည်းကောင်း ဖန်ဆင်ခြင်းအကြောင်းနှင့်အစပြုခဲ့သည်။ ယင်းအချက်သည် အလွန်အရေးကြီးလှသည်။ အကြောင်းမှာ သမ္မာကျမ်းစာသည် ဖန်ဆင်းခြင်း အကြောင်းကိုမှတ်တမ်းတင်ခြင်းဖြင့် လူသားတို့၏အစအဦးကို ဖေါ်ပြပေးနိုင်သည်။ ထိုအမှန်တရားသည် ကမ္ဘာဦးကျမ်း၏ ဖန်ဆင်းခြင်းအကြောင်းမှစကာ လူသား၏ အခြေအနေနှင့် သမ္မာကျမ်းစာ၏ သမိုင်း ကြောင်းအပေါင်းကို ထိရောက်မှု ရှိစေပါသည်။

ဖန်ဆင်းခြင်းနှင့်ဆိုင်သော ကျမ်းချက်နှစ်ချက်မှာ ကမ္ဘာဦးကျမ်း ၁ နှင့် ၂ ဖြစ်၍ ထာဝရဘုရားရှင်နှင့် လူသားတို့ဆက်စပ်မှုအကြောင်းဖြစ်သည်။ ယခုအပတ်လေ့လာမည့် သင်ခန်းစာ၌သတ္တမနေ့သည်ဥပုသ်နေ့ဖြစ်ကြောင်း ရာဇဝင်အကိုးအကားဖြင့် အသေအချာ နားလည်သွားရမည်။ ထာဝရဘုရားရှင်သည် မိမိ၏ပုံသဏဥာန်တော်နှင့်အညီ ဖန်ဆင်း ကြောင်း၊ မြေမှုန့်ကိုယူ၍ဖန်ဆင်း ထားကြောင်း၊ ကောင်းမကောင်း သိကျွမ်းရာ အပင် ထားရှိခြင်း၏အကြံတော် ရည်ရွယ်ချက်နှင့် အသက်ပင်နှင့်မည်သို့ပတ်သတ် ဆက်နွယ် နေကြောင်းကို အသေးစိတ်လေ့လာသိရှိရပါမည်။

သမ္မာကျမ်းမှအစအဦးကပင်ရေးသားထားသောအကြောင်းတိုင်းသည် ကရုဏာ တော်ကို ပြသကြောင်း သင်ခန်းစာရရှိကြရမည်။ ကျွန်ုပ်တို့နေထိုင် အသက်ရှင်ခြင်းသည် ကရုဏာတော်လုံးလုံးကြောင့်သာဖြစ်ကြောင်း၊ လူသားများ စတင်မပေါ်ပေါက်လာမီမှာပင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခဲ့ကြောင်း၊ ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့သလို ပြန်လည်ရွေးနုတ် ခြင်းလည်းရှိကြောင်း၊ ထိုအခြင်းအရာသည် ကရုဏာတော် ဆုလာဘ်ဖြစ်သည်။ ဖန်ဆင်းခြင်းနှင့်ရွေးနုတ်ခြင်းနှစ်ရပ်လုံး၌ သတ္တမနေ့ဥပုသ်ပညတ်တော်သည် တည်ရှိချိတ်ဆက်လျက်ရှိသည်။

တနင်္ဂ‌နေ

မတ် ၂၇

ဖန်ဆင်းခံအရာအားလုံး၏ဘုရား

ဆာ၊၁ဝဝး၁-၃ကိုဖတ်ပါ။ ဖန်ဆင်းခံအရာအားလုံး၏ဘုရားကို လူသားများ မည်သို့ တုံ့ပြန်မှုရှိသနည်း။ အဘယ်ကြောင့်နည်း။

ကမ္ဘာဦးကျမ်း(၁)သည် ဖန်ဆင်းခြင်းအကြောင်းကို မှတ်တမ်းတင်သော ပထမဦးဆုံးကျမ်းပိုဒ်ဖြစ်သည်။ ထာဝရဘုရားသည် ဖန်ဆင်းရှင်ဖြစ်၏။ အဓိပ္ပာယ် ပြန်ဆိုချက်မှာ ကျွန်ုပ်တို့ကြားရပြီဖြစ်သည်။ အစအဦး၌ဘုရားသခင်သည် ကောင်းကင်နှင့်

မြေကြီးကို ဖန်ဆင်းသည် ဟုကမ္ဘာဦးကျမ်း ၁း၁ တွင်ဖော်ပြသည်။ ပထမဆုံး  စာကြောင်း၌ပင် တွေ့မြင် ရသည်မှာ (က၊ ၁း၁) ‘‘ဘုရားသခင်’’ ဟု ခေါ်သော စကားလုံးကို အခန်းငယ်တစ်ခုလုံး၏ အလယ်ဗဟို၌ထားရှိပြီး ‘‘ဘုရားသခင်’’ ဟု ခေါ်ဆိုသောစကားကိုလည်း အထူးပြုမျဉ်းသားထားကာ လေးနက်သော သဘောဖြင့် တရိုတသေရေးထား၏။ ဖန်ဆင်းခြင်းအကြောင်းစတင်ရေးသားသော ကျမ်းပိုဒ်၌ပင် ဘုရားသခင်ကို အထူးတလည်ရည်စူးကာ ဖန်ဆင်းရှင်အဖြစ် ဖော်ပြကြေညာခဲ့သည်။

ကမ္ဘာဦးကျမ်း၏ စတင်ပုံမှာဘုရားသခင်၏ အကြောင်းကိုမတူညီသောခြားနား သည့် ဖေါ်ပြတင်ဆက်ခြင်းနှစ်မျိုးဖြင့် အသုံးပြုထားသည်။ ပထမတစ်ခု အနေဖြင့် ဖန်ဆင်းခြင်း (က၊ ၁း၁-၂း၄)ဖြစ်၍ ထာဝရဘုရားသခင်သည် လူသားထက် များစွာ သာလွန်မြင့်မြတ်ကြောင်းနှင့် ထာဝရဘုရားရှင်၏ ဇာတိတော်မှာ ‘အေလိုဟင်’’ ဖြစ်ကာ မြင့်မြတ်စုံလင်ခြင်းအပြည့်ဖြင့် ပြည့်ဝနေပြီးသားဖြစ်သည်။ ‘အေလိုဟင်’ ဟု နာမတော် သမုတ်ထားခြင်း သည်လည်း ရှိထားနင့်ပြီးသား၊ တန်ခိုးတော်အစုံနှင့် ပြည့်ဝတော် မူကြောင်း ဖြစ်သည်ဟုမှတ်ယူရသည်။‘အေလိုဟင်’သည် ဗဟုဝုစ် အများ ကိန်း ဖြစ်သည်။ ထိုသို့ဗဟုဝုစ်အများကိန်းကို အသုံးပြုခြင်းသည်လည်း ကြီးမြတ်တော် မူခြင်းနှင့် ထူးကဲသာလွန်သော အထွတ်အထိပ်ဖြစ်ကြောင်းကို ရည်ညွန်းလို ခြင်းကြောင့် ဖြစ်သည်။

ဒုတိယအကြောင်းအရာအနေဖြင့် ဖန်ဆင်းခြင်း၏မှတ်တမ်းအရ (က၊ ၂း၄-၂၅) ဘုရားရှင်သည် ပုဂ္ဂိုအဖြစ်တည်တော်မူ၍ အရာအားလုံး၏ အချုပ်အခြာဖြစ်ကြောင်းကို ရည်ညွန်းဆိုလိုခြင်းဖြစ်သည်။ နဂိုမူလပင်ကိုကပင် ထာဝရဘုရား ‘ယာဝဲအရှင်’ ဖြစ်ပြီး သားဖြစ်၍ နာမတော်အလုံးစုံကို လူအများရင်းနှီးသိကျွမ်းကြပြီးဖြစ်သည်။ ဖန်ဆင်းခြင်း အကြောင်း ဖော်ပြသော ကျမ်းချက်အပြည့်အစုံမှာ ထိုထာဝရဘုရားသခင်ကို ကိုးကွယ် ဝတ်ပြုထိုက်ပါကြောင်း သေသေချာချာရေးသားပေးထားသည်။ ရှေးဦးစွာ ထာဝရ ဘုရားရှင်၏ ဘုန်းတော်အနုဘော်တော်သည် အကန့်အသတ်မရှိပါ။ ကြီးမြတ်လွန်း လှသည်။တစ်ချိန်တည်းမှာပင် ကိုယ်တော်ကို ကျွန်ုပ်တို့မှီခိုခြင်းပြုနေ ရကြောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုဖန်ဆင်းပေးထားသည်။ ကိုယ်ကိုတိုင် လူဖြစ် လာရန် စွမ်းဆောင်ခဲ့ခြင်းမဟုတ်ပါ (ဆာ၊ ၁ဝဝး၃)။ သို့အတွက်ကြောင့် ဆာလံ သီချင်း အပိုဒ်များစွာ၌ ကိုးကွယ်ချီးမွမ်းခြင်းကို ဖန်ဆင်းခြင်းအကြောင်းနှင့်နွယ်ကာ စပ်ဆို ရေးသားထားသည်။ (ဆာ၊ ၉၅း၁-၆။ ဆာ၊ ၁၃၉း၁၃၊၁၄ ကို ဗျာ၊ ၁၄း၇ နှင့် နှိုင်းယှဉ်လေ့လာပါ)။

အဆိုပါတင်ဆက်ပုံနှစ်မျိုးစလုံးသည် ထာဝရဘုရားရှင်သည် မြင့်မြတ် စုံလင်၍ ဘုန်းတော်နှင့်ပြည့်စုံတော်မူကြောင်းကို ကွက်ကွက်ကွင်းကွင်း ဖော်ပြပေးသည်။ အရာ ခပ်သိမ်း၏အချုပ်အခြာလည်းဖြစ်၊ မေတ္တာတော်နှင့် ပြည့်ဝစုံလင်ကာ ကျွန်ုပ်တို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိနေပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အနေဖြင့် ဘုရားရှင်ကို မည်သို့ချဉ်းကပ်ကိုးကွယ်ရမည့်အကြောင်းသည်  အလွန်အရေးကြီးလှပါသည်။ လေးမြတ် ရိုကျိုးစွာဖြင့် ဝမ်းမြောက်ခြင်းနှင့်အတူ ကိုယ်တော်၏ခွင့်လွတ်တတ်သော မေတ္တာ ကရုဏာတော်ကို ယုံကြည်ကိုးစား အလေးထားရပါမည် (ဆာ၊ ၂း၁၁)။

ဘုရားရှင်တည်ရှိတော်မူခြင်း အခြေအနေကို တင်ဆက်ဖော်ပြထား သည်မှာ အဓိပ္ပာယ်ပြည့်ဝလှပါသည်။ ဘုရားရှင်နှင့်နီးကပ်စွာရင်းနှီးကျွမ်းဝင်ခြင်း သဘောသည် ကိုယ်တော်၏ကြီးမြတ်လှခြင်းသဘောကိုလည်း နားလည် သဘောပေါက်စေပါသည်။ ဘုရားရှင်သည် ကြီးမြတ်လှတော်မူကြောင်းကို ကျွန်ုပ်တို့သုံးသပ်သိရှိရသည်နှင့် ကိုယ်တော်၏ကရုဏာတော်ကိုနှစ်သက်ပြီး ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းအပြည့်ဖြင့် ကျွန်ုပ်တို့၏ဘဝအသက်တာ၌ အသက်ရှင်နေထိုင်သွားနိုင်မည်ဖြစ်သည်။

ဘုရားရှင်၏ ဘုန်းတော်ကြီးမြတ်လှခြင်းအကြောင်းကို ဆင်ခြင် ကြည့်ပါ။ စကြဝဠာတစ်ခုလုံးကို ကိုင်တွယ်ထိန်းသိမ်းထားသည်။ ကျွန်ုပ်တို့ အနီးတွင်လည်း နေတော်မူသည်။ အံ့ဖွယ်အမှန်တရားသည် အဘယ်ကြောင့် အံ့သြဖွယ်ဖြစ်သနည်း။

တနင်္လာ

မတ် ၂၈

ဖန်ဆင်းခြင်း

က၊ ၁း၄၊ ၁ဝ၊ ၁၂၊ ၁၈၊ ၂၁၊ ၂၅၊ ၃၁ နှင့် က၊ ၂း၁-၃ ကိုဖတ်ပါ။ ထင်ရှားပေါ်လွင်သော ထပ်ခါထပ်ခါမြွက်ဆိုခြင်းစကားတော်မှာ‘‘ကောင်းသည်’’ ဟုဖန်ဆင်းခြင်းမှတ်တမ်း၌ မှတ်သားထားပါသလား။ဖန်ဆင်းခြင်း အဆုံးသတ်သွားသောအချိန်မှာ ကျွန်ုပ်တို့ မည်သည့်သင်ခန်းစာကို တွေ့ရှိနိုင်သနည်း (က၊ ၂း၁-၃)။

ဖန်ဆင်းခြင်းအဆင့်ဆင့်၌ဘုရားရှင်သည်မိမိ၏လက်ရာတော်ကို ‘ကောင်းသည်’ ဟူ၍မှတ်ချက်ပြုခဲ့သည်။ယေဘုယျနားလည်ရန်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်း လက်ရာတော်အဆင့်တိုင်းသည် အောင်မြင်ခြင်း ရှိကြောင်း ကိုယ်တိုင်မြင်တွေ့တော်မူခြင်း အဓိပ္ပာယ်ရှိသည်။ ‘‘ကောင်းသည်’’ ဟုဆိုရာတွင် ‘‘အလုပ်ဖြစ်မြောက်သည်’’ ဟူ၍အဓိပ္ပာယ်ယူရသည်။ အလင်းဖြာဆင်းလာခြင်း (က၊ ၁း၄) ဂြိုဟ်နက္ခတာရာအပေါင်း အစီအလျဉ် ပေါ်ပေါက်လာခြင်း (က၊ ၁း၁၂) စသည်တို့သည် အောင်မြင်စွာ လုပ်ဆောင်နိုင်ကြောင်းကို သက်သေပြနေခြင်းဖြစ်သည်။

သို့သော် ထို ‘‘ကောင်းသည်’’ ဆိုသောစကားတော်မှာ အလုပ်လုပ်ဆောင်ခဲ့၍ ကျေနပ်နေခြင်းထက် သာလွန်သောအဓိပ္ပာယ် ပါဝင်နေသည်။ ‘‘တော့ဗ်’’ ဟုဆိုသော ဟေဗြဲဝေါဟာရမှာ အခြား ကျမ်းချက်များစွာတွင်လည်း အသုံးပြုထားသည်။ လှပတင့် တယ်ခြင်းအတွက် ကျေနပ်ပီတိဖြစ်သော စကားလုံးအဖြစ် အသုံးပြုလေ့ရှိသည် (က၊ ၂၄း၁၆)။ မကောင်းမှုနှင့် နှိုင်းယှဉ်ပြကာ သေမင်းနှင့်ပေါင်းဖက်ခြင်း၌လည်း ထိုစကားကိုအသုံးပြုသည် (က၊ ၂း၉။ က၊ ၂း၁၇)။

စကားစုလေးဖြစ်သော ‘‘ကောင်းသည်’’ ၏အဓိပ္ပာယ်မှာ ဖန်ဆင်ခြင်း အလုပ်သည် အဆင်ပြေကောင်းမွန်စွာဖြစ်သွားသည့်အပြင်၊ လက်ရာတော်သည် လှပပြည့်စုံကြောင်းနှင့် အပြစ်အနာအဆာ တစ်စုံတစ်ရာမပါကြောင်းကိုဆိုလိုသည်။ ဖန်ဆင်းစကမ္ဘာကြီးသည် ‘‘ယခုလက်ရှိ’’ ကျွန်ုပ်တို့နေထိုင်သောကမ္ဘာနှင့် လုံးဝမတူပါ။ ယခုကမ္ဘာကြီးမှာ အပြစ်၏ဒဏ်ရာဒဏ်ချက်နှင့်သေခြင်း၊ ပျက်စီးခြင်းပြည့်ဝနေပါသည်။ ပျက်စီးနေသော ကမ္ဘာကြီး၏ အခြေအနေသည် ဘုရားရှင်အသစ်ပြန်လည်ဖန်ဆင်းလိုကြောင်း ပြသနေပါသည် (က၊ ၂း၅)။

ဖန်ဆင်းခြင်းအကြောင်းကို ရှင်းလင်းဖွင့်ဆိုသောအခါ ဆင့်ကဲသီအိုရီ သည်လည်း အပြိုင်အဆိုင်ဝင်ရောက်လာတတ်သည်။ ဆင့်ကဲသီအိုရီ၏ အယူအဆမှ ကမ္ဘာကြီးသည် အလိုလိုအခန့်သင့်သွား၍ ပုံသဏ္ဌာန်ပေါ်လာကာ တဖြည်းဖြည်းပင်ကိုသဘာဝအတိုင်း ဖြစ်လာသည်ဟု ကြေညာပြောဆို ထားသည်။

သမ္မာကျမ်းစာမှ ရေးသားအတည်ပြုထားသော မှတ်တမ်းကိုကြည့်လျှင် ဘုရား ရှင်သည် မထင်မမှတ်ရုတ်တရက်ကမ္ဘာကြီးကို ဖန်ဆင်းခြင်းမဟုတ်ပါ (က၊ ၁း၁)။ အခန့်သင့်၍ ဖြစ်ပေါ်လာခြင်းမျိုးလည်းမရှိပါ။ ကမ္ဘာကြီးသည် သူအလိုလို ဖြစ်လာခြင်း မဟုတ်၊ ဘုရားရှင်၏အလိုတော်၊ ဘုရားရှင်၏ နှုတ်ထွက်စကားတော်ဖြင့် တည်ရှိ လာခြင်းဖြစ်သည်။ (က၊ ၁း၃) ‘‘ဘာရာ’’ ဟူသောဟေဗြဲဝေါဟာရကို ကမ္ဘာဦးကျမ်း(၁) တွင် အသုံးပြုထားသည်။ ယင်းကြိယာပုဒ်ကို ‘‘ဖန်ဆင်းသည်’’ အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ‘‘ဖန်ဆင်းတော်မူ၏’’ ဘုရားရှင်သည်ပြုလုပ်ဖန်ဆင်းသူ၊ဘုရားရှင်မြွက်ဆိုအမိန့်ပေး၍ဖြစ်လာသည်ဟု မှတ်တမ်း တင်ထားခြင်းဖြစ်သည်။

ဖန်ဆင်းခြင်းအကြောင်း ရေးမှတ်သောကျမ်းပိုဒ်၌ ကျွန်ုပ်တို့ကို သတိပေးထား သည်မှာ‘‘အရာအားလုံး’’ တို့သည်ပြီးစီးသည် (က၊ ၁း၃၁)။ ဖန်ဆင်းရှင် ကိုယ်တော်တိုင် မှ ‘‘အလွန်ကောင်း၏’’ ဟုဆုံးဖြတ်လိုက်သည်။ (က၊ ၁း၃၁)။ က၊ ၁း၁ သည်ပြန်၍ညွန်းဆိုချက်အရ၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်းနှင့် က၊ ၂း၁ သည် အရာအားလုံးပြီးစီးကြောင်းကြေညာချက်ပြုလိုက်သည်။အားလုံးပြည့်စုံသွားပြီးဖြစ်သည် ဥပုသ်တော်နေ့ အပါအဝင် ရက်သတ္တပတ် ခုနှစ်ရက်ဖြစ်သည်။

ဆင့်ကဲသီအိုရီ၏ ကမ္ဘာကြီးဖြစ်တည်လာရန် နှစ်ပေါင်းသန်းထောင်ချီ ကြာသောအတွေးအခေါ်သည် ကမ္ဘာဦးကျမ်းဖေါ်ပြသော ဖန်ဆင်းခြင်းအကြောင်း နှင့် အဘယ်ကြောင့် တက်တက်စင်ကွဲလွဲနေရပါသနည်း။ ယင်းအမြင်နှစ်မျိုးကို အဘယ်ကြောင့် ညှိနှိုင်းယူ၍မရနိုင်သနည်း။

အင်္ဂါ

မတ် ၂၉

ဥပုသ်နေ့

က၊ ၂း၂၊၃ နှင့် ထွက်၊ ၂ဝး၈-၁၁ ကိုဖတ်ပါ။ အဘယ်ကြောင့် သတ္တမနေ့သည် ဖန်ဆင်းခြင်းနှင့် ဆက်နွယ်မှုရှိသနည်း။ ထိုဆက်နွယ်မှုသည် ဥပုသ်နေ့ကိုစောင့်ရန် မည်သို့ချိတ်ဆက်မှုရှိသနည်း။

အပ်ကျမပ်ကျပင် ဘုရားရှင်သည် မိမိ၏ဖန်ဆင်းခြင်းအမှုကို ‘‘ဥပုသ်တော် နေ့ဖြင့်အတည်ပြု’’ အဆုံးသတ်ခဲ့သည်။ သတ္တမနေ့ဥပုသ်နေ့ကို စောင့်ထိန်းခြင်းသည် ဘုရားရှင် မိမိ၏အလုပ်ကိုအပြီးသတ်လုပ်ဆောင် ပြီးစီးကြောင်း၊ ဖန်ဆင်းခြင်း ပြည့်စုံသွားကြောင်းကို သက်သေပြုပေးခြင်းဖြစ်သည်။ ယင်းနောက်၌ကိုယ်တော်သည် မိမိ၏လက်ရာတော် ‘‘အလွန်ကောင်းသည်’’ ကိုမြင်တော်မူခဲ့သည်။ ဥပုသ်အမှန် သတ္တမနေ့ဥပုသ်ကို စောင့်ထိန်းခြင်းသည် ထာဝရဘုရားရှင်နှင့်အတူ ကိုယ်တော်၏ ဖန်ဆင်းတော်မူခြင်းအရာအလုံးစုံအတွက် အဖိုးထိုက်လှပကြောင်း လက်ခံသဘောတူ ခြင်းဖြစ်သည်။

ကျွန်ုပ်တို့အလုပ်မှန်သမျှကိုရပ်နားထားပြီး ထာဝရဘုရားရှင် အနားယူတော် မူခဲ့သည့်အတိုင်း ဥပုသ်နေ့၌အနားယူ နားနေကြရမည်။

သတ္တမနေ့ဥပုသ်တော်နေ့ကို စောင့်ထိန်းခြင်းသည် အလွန်ကောင်းသော ဖန်ဆင်းခြင်း ၌ပါဝင်သည်။ ကျွန်ုပ်တို့ကိုယ်ကာယအနားယူခြင်းပါဝင်ရသည်။ ရှေးခေတ်နှင့် ယခုခေတ် ယုံကြည်ချက်တရားကို နှိုင်းယှဉ်ပြသော် သမ္မာကျမ်း၌မရှိသော ဓမ္မသစ်၊ ဓမ္မဟောင်း ကျမ်း၌ဖေါ်ပြခြင်းမရှိသော ယုံကြည်ချက်သည် လူ၏ကိုယ်ခန္ဓာကို မကောင်း ဆိုးဝါး ဟု ရှုတ်ချဝေဖန်အပုပ်ချတတ်သည်။ ထိုအယူဝါဒသည် ထာဝရဘုရားသခင်ကို မသိသူ၊ မယုံကြည်သူများ၌ရှိခဲ့သည်။ သို့သော် ကျမ်းစာ၌ထိုသို့မရှိ။ ဥပုသ်တော်နေ့ကို စောင့်ထိန်းသူများသည် ဘုရားရှင်၏ဖန်ဆင်းခြင်းကို ဂုဏ်ပြုသောအားဖြင့် မိမိကိုယ် ကာယအသွေးအသား အပါအဝင် ဖန်ဆင်းထားသမျှအရာအလုံးစုံကို ဝမ်းမြောက် ပျော်ရွင်စွာ သတိပြု ယုယခြင်းဖြင့် ကိုယ်တော်ကိုဂုဏ်ပြုခြင်းဖြစ်သည်။

ဥပုသ်တော်နေ့သည် လူသား၏ရာဇဝင်သမိုင်း၏ ပထမဦးဆုံး အမှတ် လက္ခဏာဖြစ်သည့်အတိုင်း နာကြင်ခံစားခြင်းဝေဒနာနှင့် ကမ္ဘာလောက၏ ညည်းတွားသံ လက္ခဏာလည်းဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသော စကားစု တစ်စုမှာ ‘‘အလုပ်ကိုပြီးစီးစေသတည်း’’ ဖြစ်၍ ထိုစကားစုကို ဗိမာန်တော် တည်ဆောက် ပြီးစီးသောအချိန်၌ တစ်ဖန်ပြန်၍ကြားရပြန်သည် (ထွ၊ ၄ဝး၃၃)။ ထပ်၍ ရှောလမုန် မင်းကြီးသည် ဗိမာန်တော်ကို တည်ဆောက်ပြီးစီးသောအခါမှာ ထိုစကားကို ပြန်၍ ကြားရပြန်သည်။ (၃ရာ၊ ၇း၄ဝ၊၅၁) ထိုနေရာတို့သည် ဧဝံဂေလိတရားနှင့် ကယ်တင်ခြင်း သတင်းကို သင်ကြားပို့ချပေးသောနေရာများ ဖြစ်သည်။

လူသားများအပြစ်ပြုကျဆုံးပြီးနောက် ဥပုသ်တော်နေ့၊ ရက်သတ္တပတ်၏ နောက်ဆုံးရက်သည် ကယ်တင်ခြင်း၏နိမိတ်လက္ခဏာ တစ်ရပ်အဖြစ်ညွန်ပြ ပေးကာ၊ အသစ်ဖန်ဆင်းခြင်း၏ နိမိတ်လက္ခဏာအဖြစ်နေရာဝင်ယူလာသည်။ (ဟေရှာ၊ ၆၅း၁၇။ ဗျာ ၂၁း၁) ဥပုသ်တော်နေ့သည် လူသားများအတွက် ရက်သတ္တပတ်၏နောက်ဆုံးရက်၌ အမှတ်အသားပြုလုပ်ကာ ကပ်ကမ္ဘာကြီးတွင် ရှိသောဆင်းရဲဒုက္ခအပေါင်း အဆုံးသတ် သွားမည်ဟုလည်း မှတ်ယူရသည်။

ထိုကြောင့် ယေရှုရှင်သည် ဥပုသ်နေ့ကိုအထူးရွေးချယ်ပြီး ရောဂါဘယ အားလုံးကို ကုသပျောက်ကင်းစေခြင်းအမှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည် (လုကာ၊ ၁၃း၁၃-၁၆)။ မိရိုးဖလာထုံးစံဓလေ့လိုက်လျှောက်သော ဘာသာရေးခေါင်းဆောင် များသည် ယေရှုရှင် ဥပုသ်တော်နေ့၌ ရောဂါကုသခြင်းကို အပြစ်တင်ဝေဖန်ရှုတ်ချ ခဲ့ကြသည်။ ဥပုသ်တော် နေ့၌ရွေးချယ်ကာ ရောဂါကုသခြင်းသည် ယေရှုရှင်မှကျွန်ုပ်တို့ လူသားများအား ညွန်ပြသည့် အချက်မှာ နာကျင်မှုဝေဒနာနှင့် သေခြင်း အမှုသည် အဆုံးသတ် သွားရမည့် အချိန်သည် ကယ်တင်ခြင်းလုပ်ငန်းစဉ်၏ အဆုံးတွင် အသေအချာရှိလာ မည်ကို ပြသသွန်သင်ပေးခြင်းဖြစ်သည်။ သို့ဖြစ်၍ ဥပုသ်နေ့တိုင်းသည် ကျွန်ုပ်တို့ကို ရွေးနုတ်ခြင်း၏မျှော်လင့်ရာအတွက် ညွန်ပြနေပါသည်။

ဥပုသ်တော်နေ့ကိုစောင့်ထိန်းခြင်းသည် ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို အမှန်တကယ် ကိုယ်တော်ပြန်လည်ဖန်ဆင်းတော်မူမည့်အကြောင်း ကယ်တင်ခြင်းနှင့် ယှဉ်၍ ကျွန်ုပ်တို့မည်သို့ခံစားရသနည်း။

ဗုဒ္ဓဟူး

မတ် ၃၀

လူသားမျိုးနွယ်ကိုဖန်ဆင်းခြင်း

ဖန်ဆင်းသမျှအရာအားလုံး၏ နောက်ဆုံးပိတ်ဖန်ဆင်းခြင်းသည် လူသားကို ဖန်ဆင်းခြင်းဖြစ်သည်။ ထိုအကြောင်းကို ကမ္ဘာဦးကျမ်း၌တွေ့ရှိရသည်။ လူသတ္တဝါသည် ဖန်ဆင်းသမျှအရာအလုံးစုံတို့၏ အထွတ်အမြတ်ဖြစ်သည်။ ကမ္ဘာကိုဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်သည်လည်း လူသားများအဖို့ဖြစ်သည်။

ကမ္ဘာဦးကျမ်း၊ ၁း၂၆-၂၉ နှင့် က၊ ၂း၇ ကိုဖတ်ပါ။ လူသားကို ဖန်ဆင်းခြင်း၌ ခြားနားသောအမြင်နှစ်မျိုးသည် မည်သို့ဆက်စပ်နေသနည်း။

ဘုရားသခင်သည် လူသားကိုမိမိ၏ပုံသဏ္ဌာန်တော်နှင့် တူညီစွာ ဖန်ဆင်း ခဲ့ကြောင်း ကျမ်းစာမှရဲရဲဝံ့ဝံ့ရေးသားထားသည်။ လူသတ္တဝါ တစ်မျိုးတည်းသာ ဘုရား၏ ပုံတူနှင့်ဖန်ဆင်းထားသည်။ သားရဲမျိုးသားယဉ်မျိုး မြေပေါ်မှာတွားတတ်သော တိရစ္ဆာန် မျိုးစုံကို ဖန်ဆင်းထားသော်လည်း (က၊ ၁း၂၅)၊ လူသားကိုမူ ဘုရားသခင်သည် မိမိပုံသဏဥာန်တော်နှင့်အညီ ဖန်ဆင်းတော်မူသည် (က၊ ၁း၂၇)။ ထိုအချက်သည် လူသားတို့၏ဝိညာဉ်ဗီဇ၌ မကြာခဏဆိုသလို မြင်တွေ့နေရသည်။ ဘုရားရှင်၏ ပုံသဏ္ဌာန်တော်ကို ထင်ဟပ်စေလျက်ရှိသည်ဟု ပြောဆိုရာ၌နားလည်ထားရန်မှာ ဘုရားရှင်အုပ်စိုးခြင်း လုပ်ဆောင်မှု၌ လူသားတိုင်းသည် ဘုရားကိုကိုယ်စားပြုထားသည်။ သို့မဟုတ် တခြားသူအများအတွက်၊ ဝိညာဉ်ရေးရာလုပ်ဆောင်မှုအတွက် ပါဝင်ပတ်သက် နေပါသည်။

ထိုသို့သောသဘောတော်သည် ပြည့်စုံမှန်ကန်နေသည့်တိုင် ဖန်ဆင်းခြင်း၏ အစစ်အမှန်ပါဝင်လျက်ရှိသည်။ အရေးကြီးသော ကိုယ်ကာယ အပိုင်းကိုပါဝင်စေရန် ပျက်ကွက်တတ်ကြသည်။ ဝိညာဉ်ရေးရာနှင့် ကိုယ်ကာယ နှစ်မျိုးလုံးသည် ဝေါဟာရ နှစ်လုံးကိုအသုံးပြုကာ ‘‘ပုံသဏ္ဌာန်တော်’’ နှင့် ‘‘တူညီသော’’ ဟု က၊ ၁း၂၆ တွင်ဖော်ပြထားသေးသည်။ ဟေဗြဲစကား၌ ‘‘တစီလမ်’’ သည်ပုံသဏ္ဌာန်အဖြစ် ပုံပန်း သဏ္ဌာန်ကိုရည်ညွန်းကာ ကိုယ်ကာယကိုဆိုလိုပြီး ‘‘ဒီမု’’ ဟူသော ဝေါဟာရသည် ‘‘တူညီသော’’ အကြောင်းမမြင်ရသောအရည်အချင်းမျိုး၊ ဘုရားရှင်၏ ဗီဇဇာတိမျိုး နှင့် နှိုင်းစာပြောဆိုသော စကားလုံးဝေါဟာရဖြစ်သည်။

ထိုကြောင့် ဟေဗြဲဘာသာစကားဖြင့် ‘‘ဘုရားသခင်၏ပုံသဏ္ဌာန်တော်မှာ’’ ကျမ်းစာ၏ဖေါ်ပြချက်အတိုင်းဆိုလျှင် လူကိုဖန်ဆင်းစက လူသားတို့၏ ဗီဇသဘာဝသည် ပြည့်စုံခြင်းရှိသည်ဟု နားလည်ရပါမည်။ သမ္မာကျမ်းစာ၏ အတည်ပြုချက်အရ

လူယောက်ျားနှင့်လူမိန်းမကို ဘုရားသခင်သည် မိမိ၏ ပုံသဏ္ဌာန်တော်နှင့် ကိုယ်ခန္ဓာ တူညီအောင် ဖန်ဆင်းထားသည့်အပြင် ဝိညာဉ် ရေးရာ၌လည်း ပြည့်ဝစုံလင်စွာ ဖန်ဆင်းပေးခဲ့ကြောင်း နားလည်ရပါမည်။ အယ်လင်ဂျီဝှိုက်မှပြတ်သားရှင်းလင်းစွာ မှတ်ချက်ပြုထားသည််မှာ ‘‘အာဒံသည် ဖန်ဆင်းရှင်၏လက်တော်မှထွက်လာလျှင် ထွက်လာခြင်းမှာ ကိုယ်ကာယ၌သော် လည်းကောင်း၊ ဥာဏ်ပညာအရာ၌ သော်လည်းကောင်း ဖန်ဆင်းရှင်နှင့် တူညီနေပါသည်။’’

ဘုရားရှင်၏ပုံသဏ္ဌာန်တော်အတိုင်း ပြည့်ဝစုံလင်လျက်ရှိသည့် အကြောင်းကို အတည်ပြုထားရာ၌ အခြားသောဖန်ဆင်းခြင်းကို မှတ်တမ်း တင်ထားသည်။ ကျမ်းချက်များလည်းထောက်ခံချက်ပြုသည်။‘‘လူသည် အသက်ရှိသော သတ္တဝါ ဖြစ်လာသည်။’’ က၊ ၂း၇။ တိုက်ရိုက်ပြန်ဆိုသော် ‘‘သက်ရှိသတ္တဝါ’’ အဖြစ် ဘုရားရှင်သည် လက်တော်နှင့်ပုံစံ သွင်းပြီး ဇီဝအသက်ကို ‘‘မှုတ်သွင်း’’ ပေးခဲ့သည်။ မှတ်သားရန်မှာ ထိုမှုတ်သွင်း သောဇီဝအသက်ကို ဝိညာဉ်(လိပ်ပြာ)သဘောမျိုး သက်ရောက်သည်ဟု အယူအဆ ရှိကြပြန်သည်။ သို့သော် ထိုမှုတ်သွင်းသောအသက်သည် ဇီဝဗေဒဆိုင်ရာ စွမ်းအားနှင့် အလွန်ဆက်နွယ်ပတ်သက်လျက်ရှိသည်။ လူကိုပုံစံပြုလုပ် ချိန်၌ မြေမှုန့်ကိုအသုံးပြုထားသည်။ မှုတ်သွင်းသောဇီဝအသက်ဝိညာဉ်ရေးရာသဘောနှင့် ကိုယ်ကာယအသက်ရှင်လှုပ်ရှားခြင်းကိုဖြစ်စေပါသည်။

ဆက်လက်၍ တတိယမြောက်ဖန်ဆင်းမှုလုပ်ဆောင်ချက်ကို ဘုရားရှင် ပြုတော်မူရာ၌ လူမိန်းမကို လူယောက်ျား၏ခန္ဓာကိုယ်အပိုင်းဖြင့် ဖန်ဆင်းပြန် သည်။

က၊ ၂း၂၁၊၂၂) လူမိန်းမ၏ဗီဇသဘာဝသည် လူယောက်ျား၏ဗီဇ သဘာဝနှင့်တူသည် ဟူ၍လည်း သုံးသပ်ပြောဆိုနိုင်ပြန်သည်။

ကြာသပ‌တေး

မတ် ၃၁

လူသား၏တာဝန်

ပထမဦးဆုံးလူသားကို ဘုရားရှင်ဖန်ဆင်းပြီးသည်နှင့် လက်ဆောင် သုံးမျိုးကို  ပေးအပ်ခဲ့သည်။ ဧဒင်ဥယျာဉ် (က၊ ၂း၈) အစားအစာ (က၊ ၂း၁၆) နှင့် မိန်းမ (က၊ ၂း၂၂)။က၊ ၂း၁၅-၁၇ ကိုဖတ်ပါ။ ဖန်ဆင်းခြင်းခံရသောအရာများနှင့် ထာဝရ ဘုရားရှင်အပေါ် လူသားတို့မည်သည့်တာဝန်မျိုးရှိသနည်း။ ထိုတာဝန်နှစ်ရပ် သည် မည်သို့မည်ပုံဆက်စပ်မှုရှိသနည်း။

ပထမဦးဆုံးလူသား၏တာဝန်မှာ ဘုရားရှင်လက်ဆောင်ပေးသော သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပြုစုရမည်။ ‘‘ပြုစုစောင့်ရှောက်စေခြင်းငှာ’’ (က၊ ၂း၁၅)။ ပြုစုဟူသောစကားသည် အလုပ်လုပ်ရန်ဖြစ်သည်။ လက်ဆောင် ရရှိရုံနှင့်မပြီးသေးပါ။ ရရှိထားသောဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်ကာ များစွာသီးပွင့်စေရန်ဖြစ်သည်။ ထိုအကြောင်းကို ယေရှုရှင်သည် အစွမ်းအစ ရှိသည့်အတိုင်း တာဝန်ပေးအပ်သော သင်ခန်းစာဖြင့် ပြန်၍ဥပမာပြောကြား ထားခဲ့သည် (မသဲ ၂၅း၁၄-၃ဝ)။ ဟေဗြဲဝေါဟာရဖြင့် ‘‘ရှာမာ’’ ဟုသုံးထားသောကျမ်းချက်၌ ‘‘စောင့်ရှောက်’’ သည်ဟု အဓိပ္ပာယ်ရှိသည်။ ရရှိထားသောအရာကို ထိန်းသိမ်းထားရန်တာဝန်ရှိသည်။

ဒုတိယအချက်တာဝန်မှာ အစားအစာနှင့်ပတ်သက်သော တာဝန် ဖြစ်သည်။ ပထမဦးဆုံးလူသားကို ဘုရားရှင်ပေးသောအစာကို ကျွနု်ပ်တို့ မှတ်မိရပါမည် (က၊ ၁း၂၉)။ ဘုရားရှင်သည်လည်း လူသားကို ရှိသမျှသော အပင်ကို စားရသောအခွင့် (က၊ ၂း၁၆) ပေးထားသည်။ လူသည် သစ်ပင်တို့ကို ဖန်ဆင်းခြင်းမပြုပါ။ မည်သည့် အစားအစာကိုမျှလည်း ဖန်ဆင်းခဲ့ခြင်းမရှိပါ။ ဘုရားရှင်သာကရုဏာတော်အပြည့်ဖြင့် လက်ဆောင်ချီးမြှင့်ပေးထားသည်။

သို့ရာတွင် ပညတ်ချက်တစ်ခုကို သတ်မှတ်ချထားပေး၏။ ဘုရားရှင်ထံမှ ရက်ရောစွာပေးသောလက်ဆောင်ကို ရွင်လန်းဝမ်းမြောက်စွာ သုံးစားနိုင်စေရန် အတွက်ဖြစ်သည်။ ‘‘ရှိသမျှအပင်’’ ကိုစားရသောအခါ ကရုဏာတော်အပိုင်း၌ ဘုရားသခင်သည် ပို၍စည်းကမ်းရှိစေသည်။ အပင် ရှိသမျှအထဲမှ အပင်တစ်ပင်၏ အသီးကို မစားရဟုမိန့်မှာထားသည်။ စည်းလွတ်ဝါးလွတ်အပျော်ကြူးခြင်းသည် သေခြင်းသို့ပို့ဆောင်ပေးလိမ့်မည်။ ယင်းဥပဒေသည် ဧဒင်ဥယျာဉ်မှစတင်ခဲ့သည့် အမှန်တရားလည်းဖြစ်သည်။ ယနေ့တိုင်တစ်နည်းမဟုတ်တစ်နည်းဖြင့် ထိုဥပဒေသည် အကျုံးဝင်လျက်ရှိသည်။

တတိယတာဝန်မှာ လက်ဆောင်ရထားသော မိန်းမအတွက်ပင် ဖြစ်သည်။ ထိုလက်ဆောင်သည် ဘုရားရှင်ထံမှရရှိသော တတိယမြောက် လက်ဆောင်ဖြစ်သည်။ ‘‘ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်’’ (က၊ ၂း၂၄)။ တစ်သွေးတစ်သားတစ်ကိုယ်တည်းဖြစ်စေရန် ဘုရားရှင် ပဋိညာဉ်ပြုစီစဉ်ထားသော ကိစ္စဖြစ်၍ လူသားအတွက် ရိုးရိုးတာဝန်မဟုတ်ချေ။ အဓိပ္ပာယ်မှာ ထိုသူနှစ်ဦးသည် တစ်ကိုယ်တည်းဖြစ်သွားသည်။ အဓိပ္ပာယ်မှာ ထိုသူနှစ်ဦးသည် တစ်ကိုယ်တည်း ဖြစ်သွားသည်ဟု အဓိပ္ပာယ်ရ၏ (မသဲ ၁၉း၇-၉ နှင့်နှိုင်းယှဉ်ဖတ်ပါ)။

ကျမ်းစာ၏အတည်ပြုချက်မှာ ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ (မိန်းမမပါ) ဟုရေးသားထားသည်။ ကျမ်းစာဖော်ပြသော လိင်ပုဒ်မှာ ယောက်ျားဟု ဆိုထားသော်လည်း မိန်းမအတွက်လည်းပါဝင်မည်ထင်ပါသည်။ ထိမ်းမြား မင်္ဂလာပြုရာ၌ ပေါင်းသင်းနေထိုင် ရန် အတွက် ဘုရားသခင်၏လက်ဆောင် ဖြစ်သည်နှင့်အညီ လူသားများအနေဖြင့် ရရှိသောလက်ဆောင်ကို ထိန်းသိမ်းရန် တာဝန်ရှိသည်။ ယောက်ျားနှင့် မိန်းမ နှစ်ဦးလုံး အပေါ် တာဝန်ရှိနေ၍ သစ္စာရှိစွာ တာဝန်ကိုပြီးပြည့်စုံစေရန်လိုသည်။

ဘုရားရှင်ထံမှသင်ရရှိသမျှအရာအားလုံးကို ဆင်ခြင်ပါ။ သင့်အတွက် ထို လက်ဆောင် များ၌ မည်သို့ပြုလုပ်ရန်တာဝန်ရှိသနည်း။

သောကြာ

ဧပြီလ ၁

ဆက်လက်လေ့လာရန်။

အယ်လင်ဂျီဝှိုက်ရေးသားထားသော ‘ခရစ်ယာန်ပညာ‌ရေး’ စာအုပ်စာမျက်နှာ ၁၂၈၊ ၁၂၉ မှ ‘‘သိပ္ပံနှင့်သမ္မာကျမ်းစာ’’ ခေါင်းစဉ်ပါအကြောင်းနှင့် သုခဘုံလမ်း  စာအုပ်စာမျက်နှာ ၂၁၊ ၂၂ မှ ‘‘ဖန်ဆင်းခြင်း’’ ခေါင်းစဉ်ပါအကြောင်းအရာကို ဖတ်ကြည့်ပါ။

သဘာဝစာအုပ်နှင့်ဖွင့်ဆိုချက်စာအုပ်အသီးသီးသည် တူညီသော သခင်ဘုရား၏ သဘောတော်ကို ဖော်ပြထားသည်။ စကားမပြောတတ်သော်လည်း ညီညာတူညီသော ဆောင်ရွက်ချက်သဘောကို ပြသနေပါသည်။ မတူညီ ကွဲပြားသောနည်းလမ်းများ ဖြင့် လည်းကောင်း၊ ခြားနားသော ဘာသာစကားများဖြင့် လည်းကောင်း ကြီးမြတ်လှသော အမှန်တရားကို သက်သေပြနေပါသည်။ သိပ္ပံပညာသည် အသစ်အသစ်သော အံ့ဖွယ်အရာများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း မိမိ၏ရှာဖွေတွေ့ရှိရသောအရာကို ဖြစ်အောင် မလုပ်ဆောင်ခဲ့ပါ။  နားလည်ယုံမျှသာ တွေ့ရှိဖော်ထုတ်နိုင်သည်။ ဘုရားသခင်၏ ဖော်ပြချက်နှင့်မူ ကွဲပြားရှုပ်ထွေးတတ်စမြဲဖြစ်သည်။ သဘာဝတရား စာအုပ်ကြီးနှင့် နှုတ်ကပတ်တော် သည် တစ်ဖက်နှင့်တစ်ဖက် မီးမောင်းထိုးပေး လေ့ရှိသည်။ ယင်းသဘာဝသည်ပင် ဘုရားရှင်လုပ်ဆောင်တော်မူသော အရာခပ်သိမ်း အကြောင်းကို ကျွန်ုပ်တို့ကျေနပ် လက်ခံအောင်သင်ကြားပေးနေပါသည်။

သဘာဝကိုစူးစမ်းရာ၌ သိပ္ပံနှင့်နှုတ်ကပတ်ကျမ်းစာဖော်ပြချက်သည်   ညှိနှိုင်း သဘောတူခြင်းဖြစ်အောင် လုပ်ဆောင် လျှင်လည်း နှုတ်ကပတ်တော်မှာ ဖော်ပြထားသော ဘုရားရှင်၏နှုတ်ထွက် စကား၏တန်ခိုးကို ဖျက်ဆီးရာ ကျမည် ဖြစ်သည်။ ဘူမိဗေဒ၏တွေးခေါ်ချက်အရ မောရှေမှတ်တမ်းတင်ထားသော ဖန်ဆင်းခြင်း အကြောင်း ကို တိုက်ရိုက်အဓိပ္ပာယ်ဖွင့်ခဲ့ကြသည်။ သိပ္ပံပညာသည်ဘူမိဗေဒအရ နှစ်ပေါင်း သန်းပေါင်း များစွာ ကျောက်စိုင်ကျောက်သားများ၏သက်တမ်းကိုတွက်ချက်ကြေညာခြင်း သဘော၌ ကမ္ဘာကြီးသည်လုံးဝမရှိခဲ့သောအဖြစ်မှ ဆင့်ကဲဆင့်ကဲဖြစ်စဉ်ကြောင့် ပေါ်ထွက်လာ ကြောင်းသက်သေပြကြသည်။ ကျမ်းစာနှင့်သိပ္ပံပညာကို ချိန်ထိုးကြည့်မိပြန်သော် ညဦးနှင့်နံနက်ဟု ဘုရားရှင်သတ်မှတ်၍ ဖန်ဆင်းခြင်း အမှုသည် ဆင့်ကဲသီအိုရီ သဘောအရဆိုလျှင် လွန်စွာကြာညောင်းပေမည်။ အချိန်အတိအကျ မရှိနိုင်တော့ပါ။ ထောင်ပေါင်းများစွာ သို့မဟုတ် သန်းပေါင်း များစွာသော နှစ်အရေအတွက် ကြီးသို့ ဖြစ်လာလိမ့်မည်။

‘‘နိဂုံးချုပ်ဆိုရသော် သမ္မာကျမ်းစာသည် သူ၌ရေးသားချက်နှင့် သဟဇာတမျှလျက်ရှိသည်။ သဘာဝတရား၏သွန်သင်ချက်နှင့်လည်း ကိုက်ညီနေ ပါသည်။’’ အယ်လင်ဂျီဝှိုက်၏ ခရစ်ယာန်ပညာ‌ရေး  စာ. ၁၂၈၊၁၂၉။