သင်ခန်းစာ ၁၁
မတ် ၅ - ၁၁
ယေရှုရှင်-ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို စတင်ပေးသူနှင့်ပြည့်စုံစေသူ

ဥပုသ်နေ့မွန်းလွဲပိုင်:
ဖတ်ရန်ကျမ်းချက်၊၊ ဟေဗြဲ ၁ဝး၃၅-၃၉။ ရောမ ၁း၁၇။ ဟေဗြဲ ၁၁။ ယောရှု ၂း၉-၁၁။ ဟေဗြဲ ၁၂း၁-၃။
အလွတ်ကျမ်းချက် ‘‘ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သော အရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်၌ထိုင်နေတော်မူ၏’’ (ဟြေဗြဲ ၁၂း၂)။
ဟေဗြဲ ၁၁၊ ၁၂ သည် ချစ်စရာအကောင်းဆုံးကျမ်းချက်ဖြစ်ပါလိမ့် မည်။ ခရစ်ယာန်အသက်တာကို ပြေးပွဲပြိုင်ပွဲအဖြစ် ကျွန်ုပ်တို့အားလုံးပါဝင် ဆင်နွှဲကြရသည်။ သစ္စာမြဲသူအားလုံး ဆုလာဘ်ကိုရရှိလိမ့်မည်။ ဟေဗြဲကျမ်း၌ ရွေးနုတ်ခြင်း၏အစီအစဉ်အကုန်ကိုလည်းဖော်ပြပေးထားသည်။ အတိတ်မှ လူတို့၏ယုံကြည်ခြင်းအကြောင်းကိုဖော်ပြရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ဒုက္ခဝေဒနာကိုခံရပ်နိုင်ခြင်း၊ ယခုတွင်ဆုလာဘ်လက်ဆောင်ကိုမရရှိသေးပါ။
ယင်းအကြောင်းအရာများသည် ကျွန်ုပ်တို့အတွက်အဆုံးမဟုတ်သေး ပါ။ ဆက်လက်ပါဝင်ရပါဦးမည်။ ပြေးပွဲ၏အဆုံးသတ်ပန်းဝင်ရန်အချိန် ဖြစ်နေသည်။ ယေရှုရှင်နှင့်အတူပန်းဝင်စည်းကိုနင်းချရန်အချိန်ဖြစ်ပြီး ဘုရား သခင်၏လက်ယာဘက်ပလ္လင်တော်ပေါ်ထိုင်နေသောယေရှုကို အားကိုးရန်သာ ရှိသည်။ ကိုယ်တော်သည် ပန်းဝင်ရန် မည်သို့လုပ်ဆောင်ရမည့်ဥပမာများ ထားရှိရမည့်စိတ်ထားများကိုသွန်သင်ပေးသည်။ ကိုယ်တော်သည် သက်သေခံ အမှန်လမ်းခရီးကိုဖွင့်လှစ်ပေးသူဖြစ်သည် (ဟေဗြဲ ၆း၁၉၊ ၂ဝ။ ဟေဗြဲ ၁ဝး၁၉-၂၃)။
ဟေဗြဲ ၁၁ သည် ယုံကြည်ခြင်းအကြောင်းကိုရှင်းပြပြီး ဘုရားရှင်၏ ကတိတော်အပေါ်ယုံကြည်စိတ်ချရန်၊ ကျွန်ုပ်တို့ကြိုတင်မမြင်ရသောအရာ ဖြစ်နေသည့်တိုင် စိတ်ချစေရန်သင်ကြားပေးသည်။ သင်ခန်းစာထဲ၌ ယုံကြည် ခြင်းကိုမည်သို့ဆက်လက်ထိန်းသိမ်းသွားမည့်အကြောင်းနှင့် အထက်မှမည်သို့ သင်ခန်းစာရရှိခဲ့သည့်အကြောင်းကို သင်ကြားပေးပါမည်။ အထူးသဖြင့် ဗဟိုချက်အဖြစ် ယေရှုရှင်၏ဥပမာပုံစံကိုသိရှိရမည်ဖြစ်ပြီး ယုံကြည်ခြင်းကို အစပြုသူနှင့်ပြည့်စုံစေသူအဖြစ် မြင်တွေ့ရလိမ့်မည်။
တနင်္ဂနေ
မတ် ၆
ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်
ဟေဗြဲ ၁ဝး၃၅-၃၉ ကိုဖတ်ပါ။ ဤကျမ်းချက်၌ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုမည်သို့မိန့်တော်မူခဲ့သနည်း။
စိတ်ရှည်သည်းခံခြင်းသည် နောက်ဆုံးကာလ၌နေထိုင်သော ဘုရားရှင်၏လူများအတွက် ဝိသေသလက္ခဏာဖြစ်သည်။ စိတ်ရှည်သည်းခံ ခြင်းမရှိလျှင် ကတိတော်ပြည်ဆိုင်ရာသို့ ဝင်ရောက်နိုင်ခွင့်မရှိပါ (ဗျာ၊ ၁၃း၁ဝ။ ဗျာ၊ ၁၄း၁၂)။ စိတ်ရှည်ခြင်း၌ ယုံကြည်သူတို့သည် မိမိယုံကြည်ခြင်းကို စွဲကိုင်ထားရန်လိုပါသည်။ ရှင်ပေါလုသည် ကန္တာရတောတွင်လှည့်လည်ခဲ့ရ သောဣသရေလမျိုးဆက်အကြောင်းကိုပြသရာ ကတိထားသောပြည်ကို မဝင်ရောက်နိုင်ခြင်း၏အကြောင်းရင်းမှာ ယုံကြည်ခြင်းမတည်သောကြောင့်ဟု ဖော်ပြသည် (ဟေဗြဲ ၃း၁၉)။ ဟေဗြဲကျမ်းမှယုံကြည်သူများတို့ ကတိတော် ပြည့်စုံစေမည့်အဝင်ဝဟုတင်စားထားသည် (ဟေဗြဲ ၉း၂၈။ ဟေဗြဲ ၁ဝး၂၅၊ ၃၆-၃၈)။ ယုံကြည်သူများသည် ယုံကြည်ခြင်းကိုလေ့ကျင့်မှသာ ကတိတော် ထားရာအရာကိုရရှိနိုင်မည် (ဟေဗြဲ ၁ဝး၃၉)။
ရှင်ပေါလုသည် ယုံကြည်ခြင်းအကြောင်းနှင့်မိတ်ဆက်ပေးရာတွင် ဟဗက္ကုတ် ၂း၂-၄ ကိုယူ၍ ရေးသားပေးခြင်းဖြစ်သည်။ ပုရောဖက်ဟဗက္ကုတ် သည် ဘုရားရှင်ကိုမေးခွန်းထုတ်သည့်အချက်မှာ ဆိုးရွားလှသောမိုက်ကန်း သည့်လူများကို ဘာကြောင့်သည်းခံရသနည်းဟူသော မေးခွန်းဖြစ်သည်။ ဖြောင့်မတ်သူတို့ကို ဒုက္ခပေးသူများအား အဘယ်ကြောင့်စိတ်ရှည်နေသနည်း ဟူ၍ဖြစ်သည် (ဟဗက္ကုတ်၊ ၁း၁၂-၁၇)။ ပုရောဖက်နှင့်သူ၏လူတို့သည် ဒုက္ခခံနေရသည်။ ဘုရားသခင်မှတစ်မျိုးမျိုးပြုလုပ်ပေးဖို့ရန် အလိုရှိကြသည်။ ဘုရားသခင်၏အဖြေမှာ ကတိတော်ထားတော်မူရာ၌ ပြည့်စုံဖို့ရန် အချိန် ကန့်သတ်ထားကြောင်း၊ စောင့်ရန်လိုကြောင်း ဖြေကြားခဲ့သည် (ဟဗက္ကုတ် ၂း၂-၄)။ ပုရောဖက်ဟဗက္ကုတ်နှင့်သူ၏လူမျိုးတို့သည် ကျွန်ုပ်တို့ကဲ့သို့ပင် နေထိုင်အသက်ရှင်ခဲ့ကြသည်။ ကတိတော်သတ်မှတ်သောအချိန်နှင့် ကတိတော် ပြည့်စုံမည့်အချိန်အတောအတွင်း၌ အသက်ရှင်ခဲ့ကြသည်။ ဘုရားသခင်၏ သတင်းစကားသည် ဆက်လက်၍ဟေဗြဲဩဝါဒစာသို့ပါရှိလာသည်။ ‘‘အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတ္တံ့သောသူသည် မဆိုင်းမလင့်ဘဲ မကြာမမြင့်မီရောက်တော်မူလိမ့်မည်’’ (ဟေဗြဲ ၁ဝး၃၇)။ ဟဗက္ကုတ် ၂း၃ ကိုလည်းဖတ်ပါ။
သတင်းစကားမှာ ယေရှုအပေါ်သို့ကျရောက်သွားပြန်သည်။ ကိုယ်တော် သည် ဖြောင့်မတ်သူတစ်ပါးဖြစ်၏။ ယုံကြည်ခြင်းကိုတည်ဆောက်ပြီး ဘုရားသခင်၏အလိုတော်အတိုင်းလိုက်လျှောက်၍ အသက်တာကိုပြင်ဆင် သည် (ဟေဗြဲ ၁ဝး၅-၁ဝ)။
နှောင့်နှေးခြင်းရှိမည်လား။ ကိုယ်တော်သည် နှောင့်နှေးခြင်းမပြု။ ကျွန်ုပ်တို့အတွက်ပင်လာရောက်အသေခံတော်မူပြီးဖြစ်သည် (ဟေဗြဲ ၉း၁၅- ၂၆)။ ယင်းနောက်မှာ ကိုယ်တော်သည် အမှန်ပင်ပြန်လာလိမ့်မည်။ သတ်မှတ် သောအချိန်ကျရောက်သည်နှင့် ကြွလာတော်မူမည်။ (ဟေဗြဲ ၉း၂၇၊ ၂၈။ ဟေဗြဲ ၁ဝး၂၅)။
ဘုရားရှင်၏သတင်းစကားသည် ဆက်လက်ပါရှိလာပြန်သည်။ ‘‘ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်’’ (ဟေဗြဲ ၁ဝး၃၈)။ ထိုနည်းအတိုင်း ထိုစကားကိုရှင်ပေါလုသည် ရောမ ၁း၁ရ နှင့် ဂလာတိ ၃း၁၁ ၌ပြောပြန်သည်။ ရောမ ၁း၁၆၊ ၁ရ သည် အထူးသဖြင့် အလင်းပေးကာဖော်ပြသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအကြောင်းကို ရှင်းလင်းထားသည်။ ယုံကြည်ခြင်းမှယုံကြည်ခြင်းသို့ဖော်ပြခဲ့သည်။ အဆိုအရ ရှင်ပေါလုသည် ဘုရားသခင်မှ မိမိကတိအတွက် သစ္စာတည်ကြောင်း၊ ကိုယ်တော်၏သစ္စာတော်သည် နောက်ဆုံး၌ ယုံကြည်ခြင်းနှင့်သစ္စာရှိခြင်းကို ဖြစ်လာစေပါသည်။
ဘုရားရှင်သည် မိမိ၏ကတိတော်အပေါ်၌ ခိုင်မြဲသစ္စာတည်သည် (၂တိ၊ ၂း၁၃)။ ဖြောင့်မတ်သူများ ဘုရားရှင်၏သစ္စာတော်ကိုတုံ့ပြန်ရာ၌ သစ္စာကိုစွဲမြဲစွာကိုင်ဆွဲထားကြမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘုရားရှင်၏သစ္စာတော်အပေါ် လက်ခံရန် အရေးကြီးကြောင်း မည်သို့မူတည်သနည်း။ ကိုယ်တော်၏သစ္စာ တော်အကြောင်းကို ပို၍ပို၍လေ့လာနိုင်ရန် ကတိတော်များကို မည်သို့ ကိုးစားယုံကြည်ရမည်နည်း။
တနင်္လာ
မတ် ၇
အာဗြဟံသည်ယုံကြည်ခြင်းကြောင့်သာ
ဟေဗြဲကျမ်းသည် ယုံကြည်ခြင်းကိုအဓိပ္ဋာယ်ဖွင့်ဆိုရာ ‘ယုံကြည်ခြင်း သည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏’ (ဟေဗြဲ ၁၁း၁)။ ယင်းနောက်မှာ ဣသရေလလူမျိုးများတို့၏သစ္စာရှိပုံကို စာရင်းပြုစုရေးသား ထားပေးသည်။ အထူးသဖြင့် စစ်မှန်သောယုံကြည်ခြင်း၏နက်နဲမှုကိုဖော်ပြ သည်။
ဟေဗြဲ ၁၁း၁-၁၉ ကိုဖတ်ပါ။ ယုံကြည်ခြင်းသူရဲကောင်းကြီးများ သည် မည်သို့လုပ်ဆောင်ခဲ့ကြသနည်း။ မမြင်ရသောအရာကိုမျှော်လင့်ရာ၌ မည်သို့သောအလုပ်ဖြင့်ပြသခဲ့သနည်း။
အာဗြဟံသည် အထူးခြားဆုံးအရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် ယင်းကျမ်းပိုဒ်၌ဖော်ပြထားလိမ့်မည်။ အာဗြဟံ၏နောက်ဆုံးပြုမူပုံသည် ယုံကြည်ခြင်းအတွက် သဘောသဘာဝအတိုင်း သွန်သင်သောသင်ခန်းစာ ဖြစ်လိမ့်မည်။
ဟေဗြဲဩဝါဒစာမှ အာဗြဟံကို သားဣဇာက်အားပူဇော်ခိုင်းသည် အရာမှာ ဘုရားသခင်နှင့်နှိုင်းယှဉ်ပုံဆောင်မှုပြုသောအရာပင်ဖြစ်သည် (ဟေဗြဲ ၁၁း၁၇၊ ၁၈)။ ဣဇာက်သည် အာဗြဟံ၏တစ်ဦးတည်းသားမဟုတ်သေးပါ။ ဣရှမေလဟုခေါ်သောသားဦးရှိသေးသည်။ သို့သော် ဘုရားသခင်သည် အာဗြဟံအား စာရာပြောသမျှကိုနားထောင်ပြီး ဣရှမေလနှင့်သူ၏ကျွန်မ ဟာဂရကိုစွန့်ပစ်ရန်၊ မောင်းထုတ်ရန် စေခိုင်းတော်မူသည်။ သူတို့၏သားအမိ ကို ဘုရားသခင်စောင်မပေးလိမ့်မည်။ သို့ဖြင့် အာဗြဟံ၏အမျိုးအနွယ်သည် ဣဇာက်အားဖြင့် ဆက်လက်ထိန်းသိမ်းသွားမည်။ (က၊ ၂၁း၁၂၊ ၁၃)။ နောက်ထပ်အခန်းကြီးတစ်ခု၌ အာဗြဟံကို သားငယ်ဣဇာက်အား ယဇ်ကောင အဖြစ်ပူဇော်ရန် ဘုရားရှင်စေခိုင်းတော်မူသည်။ က၊ ၂၂ တွင် ဘုရားရှင် သွန်သင်ပေးခဲ့သည်။ က၊ ၂၂ သည် က၊ ၁၂-၂၁ မှကတိတော်နှင့်သက်ဆိုင် ၏။
ဟေဗြဲကျမ်းသည် အာဗြဟံ၏ယုံကြည်ခြင်းမှ သူ၏သားကို မီးနှင့် ပူဇော်လိုက်သည်တိုင် ပြန်လည်ရှင်ပြန်လာမည်ဟု မျှော်လင့်ယုံကြည်ခြင်း ရှိကြောင်း အဆုံးသတ်ရေးသားထားသည်။ အလွန်ထူးဆန်းအံ့ဩဖွယ် ယုံကြည်ခြင်းဖြစ်သည်။ အကြောင်းမှာ ထိုအချိန်ထိုအခါ၌ ကမ္ဘာပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ သေခြင်းကိုအောင်မြင်ပြီး ပြန်လည်ရှင်ပြန် ထမြောက်လာခြင်းမရှိသေးပါ။ အာဗြဟံကိုကြိုတင်ပြီး ဘုရားသခင်သည် ထိုသို့သောသဘောမျိုးရှိစေရန် ပြင်ဆင်ပေးတော်မူခြင်းဟုမြင်ရသည်။ ဟေဗြဲ ၁၁း၁၂ မှတ်တမ်းအရ၊ ဣဇာက်သည် ဘုရား၏တန်ခိုးတော်ကြောင့် ရရှိလာ ခဲ့သောကိုယ်ဝန်သန္ဓေဖြစ်သည်။ သူသည် လူသေနှင့်တူသောသူ‘ ဖြစ်သည်။ ရှင်ပေါလုမှ ‘လူသေနှင့်တူသောသူ’ ဟု အာဗြဟံကို တစ်ဖက်၌မျှော်လင့် ခြင်းပြည့်စုံသူ၊ စာရာ၏ခန်းခြောက်သောဝမ်းမှ ဣဇာက်ကိုဖွားမြင်ရန် အာဗြဟံယုံကြည်ခဲ့သည်။ လူမျိုးတို့၏အဖဟု ဖြစ်လာမည့်ဘုရားသခင်၏ စကားတော်ကိုလက်တွေ့မြင်ရ၍ ဣဇာက်ကိုပူဇော်လိုက်လျှင်လည်း အသက် ပြန်ရှင်လာမည်ဟုယုံကြည်သည်။ ‘သေလွန်သောသူတို့ကိုရှင်စေခြင်းငှာ လည်းကောင်း၊ မဖြစ်သေးသောအရာကို မှာထားတော်မူသောဘုရား’ (ရောမ ၄း၁၇-၂ဝ)။ သို့ဖြင့် အာဗြဟံသည် သားဣဇာက်အသက်သေမည်ဆိုသော် လည်း ဘုရားသခင်ပြန်၍ရှင်ပြန်စေမည်ဟု အသေအချာယုံကြည်လျက်ရှိ သည်။ အတိတ်ကိုဘုရားရှင်ပို့ဆောင်ခဲ့သကဲ့သို့ပင် အနာဂတ်၌လည်း ဘုရားရှင် ပြင်ဆင်မည်ကိုယုံကြည်သည်။
လွန်ခဲ့သောအတိတ်မှ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုစောင်မခဲ့ သကဲ့သို့ ယခုပစ္စုပ္ဋန်၌ ကိုယ်တော်သည်ကြည့်ရှုမည်ကို ကျွန်ုပ်တို့ယုံကြည်မှု ထားနိုင်ပါမည်လား။
အင်္ဂါ
မတ် ၈
မောရှေ-မမြင်ရသေးသောအရာကိုယုံကြည်မှုထားသည်
ဟေဗြဲ ၁၁း၂ဝ-၂၈ ကိုဖတ်ပါ။ ဖော်ပြပါကျမ်းချက်မှ ယုံကြည်ခြင်း ကြီးမားသူတို့သည် မည်သို့လုပ်ဆောင်ကြသနည်း။ ထိုသူတို့၏အကျင့်သည် မမြင်ရသောအရာဖြစ်နေသော်လည်း မည်သို့ယုံကြည်ချက်ရှိသနည်း။
ယုံကြည်ခြင်းအရာမှာ မောရှေသည် ဒုတိယမြောက်စံထားနိုင်သူ ဖြစ်သည်။ မောရှေ၏အသက်တာ၌ ဘုရင်အရိုက်အရာကိုခံယူနိုင်ရန် အစပိုင်းနှင့်အဆုံးပိုင်းအဖြစ် လုပ်ဆောင်ချက်ကို နှစ်ခုမြင်နေရသည်။ သူသည် မွေးဖွားလာခဲ့စဉ် မိဘများမှဝှက်ထားခဲ့သည်။ အကြောင်းမှာ ရှင်ဘုရင်၏ ရာဇသံကိုမကြောက်မရွံ့ခြင်းကြောင့်ဖြစ်သည် (ဟေဗြဲ ၁၁း၂၃)။ နောက်တွင် မောရှေသည် အဲဂုတ္တုပြည်ကိုချန်ထားခဲ့ကာ ထွက်သွားသည်။ ‘ရှင်ဘုရင်၏ အမျက်ဒေါသကိုမကြောက်’ (ဟေဗြဲ ၁၁း၂၇)။ မောရှေ၏အမူအကျင့်သည် ဖါရောမင်းသမီးတော်၏သားတော်ဟုခေါ်ခြင်း၊ ရာထူးရာခံကိုငြင်းပယ်ခဲ့သည်။ (ဟေဗြဲ ၁၁း၂၄)။ မောရှေကိုမွေးစားသောသူသည် ဖာရောဘုရင်၏သမီးတော် ဖြစ်လာရန်သေချာလွန်းပါသည်။ မည်သို့ဆိုစေ မောရှေသည် ကမ္ဘာ့အင်အား အကြီးဆုံးနိုင်ငံ၏ရှင်ဘုရင်ဖြစ်လာ၍ အုပ်စိုးရမည့်အစား ဒုက္ခသည်ကျွန်များကို လွတ်မြောက်ရန် ခေါင်းဆောင်ပေးသူအဖြစ်ရွေးချယ်လိုက်သည်။
ဟေဗြဲ ၁၁း၂၄-၂ရ နှင့် ဟေဗြဲ ၁ဝး၃၂-၃၅ ကိုနှိုင်းယှဉ်ဖတ်ပါ။ ဟေဗြဲလူမျိုးတို့၏မူလအခြေအနေနှင့် မောရှေ၏အတွေ့အကြုံသည် မည်သို့ တူညီမှုရှိသနည်း။
မောရှေ၏အခွင့်အရေးမှာ အဲဂုတ္တုရှင်ဘုရင်ဖြစ်လာနိုင်လျက်နှင့် မမြင်ရသောအရာကိုမျှော်လင့်ကာ ဘုရားသခင်၏ကတိတော်ကိုသာ ရွေးချယ် မျှော်လင့်ခဲ့သည်။ ဟေဗြဲဩဝါဒစာမှရေးသားထားချက်၌ မောရှေသည် ရရှိ မည့်ဆုလာဘ်ကိုစွဲမြဲစွာမျက်ခြည်မပြတ်မျှော်ကြည့်ခဲ့သည်။ အဲဂုတ္တုပြည်မှ ချမ်းသာကြွယ်ဝခြင်းကိုမဟုတ်။ သူမျှော်လင့်သောဆုလာဘ်သည် ဟေဗြဲ ဩဝါဒစာ ၁ဝး၃၅ မှဖော်ပြသောဆုလာဘ်ပင်ဖြစ်သည်။ ထိုဆုလာဘ်ကို ဘုရားရှင်သည် မျှော်လင့်တောင့်တသူတိုင်းအားပေးသနားရန် ကတိထား တော်မူသည်။
မောရှေ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ရှင်ပေါလုမှထပ်လောင်း ပြန်ပြောခဲ့သည်။ ဖတ်ရှုရသူအပေါင်း၏စိတ်နှလုံးသားများ၌ အားအင်ဖြစ်စေ ပါသည်။ သူတို့၏ခရစ်တော်ကိုယုံကြည်မှုအားကိုဖြစ်စေလျက် ရင်ဆိုင်ရမည့် အရာကို ဇွဲရှိရှိဖြင့်သည်းခံရင်ဆိုင်ကြသည်။ သူတို့၌ပိုင်ဆိုင်မှုများ များစွာ ဆုံးရှုံးပျက်စီးခဲ့ရသည် (ဟေဗြဲ ၁ဝး၃၂-၃၄)။ အချို့တို့သည် ထောင်ကျခံ ရသည် (ဟေဗြဲ ၁၃း၃)။ ယှဉ်တွဲ၍တိုင်းတာကြည့်လျှင် မောရှေသည် ဘုရားသခင်၏လူများနှင့် ဒုက္ခဆင်းရဲခံရခြင်းကိုရွေးချယ်သည်။ အဲဂုတ္တုပြည်ရှိ စည်းစိမ်ဥစ္စာချမ်းသာကြွယ်ဝခြင်းကို ခရစ်တော်နှင့်လဲလှယ်ယူလိုက်သည်။ ခရစ်တော်ထံမှရရှိမည့်ဆုလာဘ်သည် သာ၍ကြီးကြောင်းကိုသိရှိသောကြောင့် ဖြစ်သည်။
သင်ကိုယ်တိုင်ရင်ဆိုင်နေရသောအခက်အခဲမှ သင်၏ယုံကြည်ခြင်းကို ထိခိုက်စေမည့်အရာ မည်သည့်အရာရှိသနည်း။ သင်၏ယုံကြည်ခြင်းအတွက် မည်သည့်အရာကိုပေးဆပ်ရမည်နည်း။ သင်မျှော်လင့်သောသေချာမည့် ဆုလာဘ်သည် မည်သည့်အရာဖြစ်သနည်း။ သင်ယခုမမြင်ရသော်လည်း သေချာနေပါသလား။
ဗုဒ္ဓဟူး
မတ် ၉
ယုံကြည်ခြင်းကြောင့်ရာခပ်နှင့်အဆွေအမျိုးများ
ဟေဗြဲ ၁၁း၃၁ နှင့် ယောရှု ၂း၉-၁၁ ကိုဖတ်ပါ။ တစ်ပါး အမျိုးသမီးပြည့်တန်ဆာရာခပ်၏အကြောင်းအရာသည် အဘယ်အတွက် သန့်ရှင်းသောသမ္မာကျမ်းစာထဲပါရှိလာရသနည်း။
ရာခပ်ကဲ့သို့ပြည့်တန်ဆာမတစ်ဦးအကြောင်းကို ဟေဗြဲ ၁၁ တွင် ရှားရှားပါးပါးတွေ့ရှိရသည်။ ရာခပ်ဟုတွင်သောအမျိုးသမီးနှစ်ဦးရှိသည့်အနက် တစ်ဦးဖြစ်သည်။ ဣသရေလရှေးအသက်ကြီးသူစာရင်းတွင် ၁ဝ ယောက် မြောက်၌နာမည်ပါလာသည်။ အယောက်တိုင်းသည်လည်း ဖြောင့်မတ်သူ စာရင်း၌ပါဝင်သည်။ သူမ၏အကြောင်းကိုလေ့လာရာ သူမသည် ရိုးရိုး အမျိုးသမီးမဟုတ်၊ ဘာသာခြားတစ်ပါးအမျိုးသမီးပြည့်တန်ဆာမတစ်ဦးဖြစ် သည်။
အံ့ဩဖွယ်ဖြစ်ရပ်မှာ ယုံကြည်ခြင်းကျမ်းပိုဒ်ဟုကျော်ကြားသော ဟေဗြဲ ၁၁ ၌ သူမသည် အဓိကနေရာဗဟိုချက်မှတ်မှာ သူမ၏အကြောင်းပါလာခဲ့ သည်။ မှတ်တမ်းပြုထားသောစာရင်းဇယားမှာ သိုသိပ်မှုရှိလှသည်။ ရေးသားချက်တိုင်းသည် ယုံကြည်ခြင်းအကြောင်းကိုရှေ့တန်းတင်ရေးမှတ်ထား သည်။ အဓိကရည်ညွှန်းရေးသားခြင်းအကြောင်းသည် ယုံကြည်ခြင်းဖြင့် မည်သို့မည်ပုံ မည်သို့မည်မျှမည်ရွေ့ စသည်ဖြင့်အကျိုးအကြောင်းအဆိုး အကောင်းများကိုရေးသားပေးသည်။ ‘ယုံကြည်ခြင်း’ ယုံကြည်ခြင်းဖြင့် အောင်မြင်ခြင်းအကြောင်းကို သေသေချာချာထပ်ခါရေးသားထားသည်။ ဖတ်ရသူကြားရသူများအတွက် မျှော်လင့်ချက်ခိုင်မာစေသည်။ ယောရှုသည် ယုံကြည်ခြင်းအားဖြင့် ဣသရေလလူများကို ကတိတော်ပြည်သို့ဦးဆောင် ခေါ်သွားသည်။
သို့သော် ကျမ်းချက်၏ဆိုလိုချက်မဟုတ်သေးပါ။ ယောရှုသည် ကျော်လွန်သွားပြီး ပြည့်တန်ဆာအမျိုးသမီးမှ သူ၏နေရာကိုဝင်ယူလိုက်သည်။ ရာခပ်၏အကြောင်းကိုဖော်ပြပြီးနောက် ဆက်လက်ဖြစ်လာသောအရာမှာ ‘အဘယ်သို့ပြောစရာရှိသေးသနည်း’ ဟူ၍ဖြစ်သည် (ဟေဗြဲ ၁၁း၃၂)။ ယင်းနောက် ရှင်ပေါလုသည် မဆိုင်းမလင့် အခြားသောနာမည်များကိုရေးချပြီး အသေးစိတ်အကြောင်းအရာတို့ဖြင့်ဖော်ပြခြင်းမရှိတော့ပါ။
ရာခပ်၏ကြီးမားလှသောယုံကြည်ခြင်းသည် သူမ၏ကြားသတင်းမှ ဖြစ်ပေါ်လာသည်။ ကြားရသောအရာကိုယုံကြည်သည်။ ယုံကြည်သည့် အရာကိုနားထောင်လိုက်လျှောက်သည်။ သို့သော် သူမမမြင်ရသေးပါ။ သူမ သည် အဲဂုတ္တုပြည်၌ဖြစ်ခဲ့သောဘေးဒဏ်များကိုမမြင်ခဲ့ရပါ။ ကျောက်ထဲမှ ရေထွက်လာသည်ကိုလည်းမတွေ့ဘူး။ သို့သော် သူမယုံကြည်သည်။ ယေရှုရှင်၏ဟောပြောခြင်း၊ နိမိတ်လက္ခဏာပြသခြင်းများကိုမမြင်ခဲ့ရသော ဟေဗြဲလူများအတွက် ရာခပ်သည် ပုံစံနမူနာကောင်းပြသသူဖြစ်သည်။ ထိုနည်းအတိုင်း မမြင်ရသောလူတိုင်းအတွက်ဥပမာဖြစ်ခဲ့သည်။
ရာခပ်သည် ယေရိခေါမြို့ရိုးအပေါ် အိမ်ဆောက်နေသောပြည့်တန်ဆာ ဖြစ်သည်။ မြို့ကိုလာရောက်ထောက်လှမ်းကြည့်ရှုသော ဣသရေလလူ နှစ်ယောက်ကိုဝှက်ထားခဲ့သည်။ သူမ၏ကြင်နာမှုကြောင့်လည်းကောင်း၊ ထာဝရဘုရားကိုယုံကြည်ကြောင်းကြေညာလာခြင်းကြောင့်လည်းကောင်း၊ သူလျှိုတို့သည် သူမအား ယေရိခေါမြို့ကိုလာတိုက်သောအခါ ရာခပ်နှင့် အဆွေအမျိုးတို့ကိုအသက်ချမ်းသာခွင့်ပေးမည့်အကြောင်း ကတိပေးခဲ့သည်။ Introduction to Rahab found in Daughters of God, p. 35.
ရှင်ပေါလုသည် ဆက်လက်၍ (ဟေဗြဲ ၁၁း၃၅-၃၈) အလွန်ခက်ခဲ ကြမ်းတမ်းသောရင်ဆိုင်မှုများစွာကိုဖော်ပြပေးပြန်သည်။ လွတ်ခြင်းကိုမခံယူဘဲ ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံကြ၏။ (ဟေဗြဲ ၁၁း၃၅)။ အဓိပ္ဋာယ်မှာ သူတို့သည် လွတ်ရာလွတ်လမ်းရှိသော်လည်း ထိုလမ်းကိုမရွေးချယ်ပါ။ ဘုရားရှင်ပေးမည့်ဆုလာဘ်ကိုလှမ်းမြင်နေသောကြောင့်ဖြစ်သည်။
ကျွန်ုပ်တို့မည်သည့်အရာမျှမမြင်မတွေ့ခဲ့ရသော်လည်း (ဖန်ဆင်း ခြင်းရက်ခြောက်ရက်၊ အဲဂုတ္တုမှထွက်လာခြင်း၊ ခရစ်တော်၏ကပ်တိုင်ထက်မှ အခြေအနေ) စသည်အကြောင်းများကြားသိရ၍ ကျွန်ုပ်တို့အတွက်ယုံကြည်ရန် များစွာကောင်းသောအချက်များဖြစ်ပါသလား။
ကြာသပတေး
မတ် ၁၀
ယေရှုရှင်သည်ယုံကြည်ခြင်းဇာတ်ညွှန်းရေးသူနှင့်အလုံးစုံပြည့်စုံပေး စေသူဖြစ်သည်
ဟေဗြဲ ၁၂း၁-၃ ကိုဖတ်ပါ။ ကျွန်ုပ်တို့ကိုမည်သို့စေခိုင်းထား သနည်း။
ယုံကြည်ခြင်း၏အထွတ်အထိပ်သည် ယေရှုရှင်နှင့်အတူ ဟေဗြဲ ၁၂ တွင်မြင်နိုင်သည်။ ရှင်ပေါလုသည် ကျမ်းကိုရေးသားရာ၌ ယေရှုရှင်သည် ‘လာမည့်သူ’ ‘နှောင့်နှေးခြင်းမရှိသူ’ ဟုအစပြုရေးသားသည် (ဟေဗြဲ ၁ဝး၃၇)။ ယင်းနောက်မှာ ရှင်ပေါလုသည် နိဂုံးအားဖြင့် ယေရှုရှင်သည် ‘ပြည့်စုံစေသူ’ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လုံးဝပြည့်ဝစေသူဟုဖော်ပြပါသည်။ (ဟေဗြဲ ၁၂း၂)။ ယေရှုရှင်သည် ‘ယုံကြည်ခြင်းကိုတည်ထောင်သူနှင့် ပြည့်စုံစေသူဖြစ် ၏။ အဓိပ္ဋာယ်မှာ ယေရှုသည် ယုံကြည်ခြင်းကိုစတင်ပေးသူဖြစ်ပြီး ထိုယုံကြည်ခြင်းအတိုင်းလိုက်လျှောက်ကာ ပြည့်စုံအောင် ဥပမာပြုလုပ်ဆောင် နိုင်သူလည်းဖြစ်သည်။ အသက်တာ၌ ယုံကြည်ခြင်းကိုအလေးထားတန်ဖိုး ထားကာ ယေရှုရှင်နှင့်အတူယုံကြည်ခြင်းကိုအဆုံးတိုင်အရောက်သွားနိုင် ကြောင်းပြသပေးနိုင်သည်။
ယေရှုသည် ‘တည်ထောင်သူ’ (ဇာတ်ညွှန်းရေးသူ သို့မဟုတ် ဦးဆောင်ဦးရွက်လုပ်ဆောင်သူ) ဖြစ်သည်။ အနည်းဆုံးအကြောင်းသုံးမျိုးဖြင့် ယုံကြည်ခြင်းကိုခံစားကြည့်ရှုနိုင်သည်။ ပထမအနေဖြင့် ကိုယ်တော်တစ်ပါးတည်းသာပြေးရမည့်လမ်းကို အဆုံးထိအပြည့်အဝရောက်အောင် ပန်းဝင်သည်အထိယှဉ်ပြိုင်ခဲ့သည်။ ရှေ့ပိုင်း အခန်းမှပြောထားသောအကြောင်းအရာအတိုင်း ပန်းတိုင်သို့ရောက်အောင် ပြေးနိုင်ခဲ့သည် (ဟေဗြဲ ၁၁း၃၉-၄ဝ)။ ယေရှုရှင်သည် ဘုရားရှင်၏ငြိမ်သက် ခြင်းအရပ်သို့ ကောင်းကင်ဘုံတွင်ဝင်ရောက်ကာ ပလ္လင်တော်ပေါ်တွင်ထိုင် တော်မူသည်။ ခမည်းတော်၏လက်ယာဘက်၌ဖြစ်သည်။ ကျွန်ုပ်တို့သည် လည်း အနာဂတ်၌ ယေရှုရှင်နှင့်အတူစိုးစံခွင့်ကိုရရှိလိမ့်မည် (ဗျာ၊ ၂ဝး၄)။
ဒုတိယအနေဖြင့် ယေရှုရှင်သည် ပန်းဝင်သည်အထိပြေးပွဲကို ဝင်ရောက်ပြသောကြောင့် ကျန်လူသားအားလုံးလည်း ပြေးပွဲကိုအားရှိပါးရှိ ယှဉ်ပြိုင်နိုင်သည် (ဟေဗြဲ ၁ဝး၅-၁၄)။ ယေရှုရှင်မလာခဲ့လျှင် ကျန်လူသား များအားလုံးအတွက် ပြေးပွဲပြိုင်ပွဲ၌စိတ်ဓာတ်ကျကြမည်။
နောက်ဆုံးတစ်ခုအနေဖြင့် ယေရှုရှင်သည် ကျွန်ုပ်တို့အတွက်ယုံကြည် ခြင်းရှိရန်အဓိကဖြစ်သည်။ ဘုရားသခင်နှင့်အတူ ကိုယ်တော်သည် သစ္စာ ရှိခြင်းကို ကျွန်ုပ်တို့အားပြသခဲ့သည်။ လူသားများကို ကယ်တင်ခြင်းအမှု၌ ဘုရားရှင်သည် မည်သောအခါမျှလက်မလျှော့ပါ။ ထိုကြောင့် ကျွန်ုပ်တို့သည် လက်လျှော့ခြင်းမရှိလျှင် နောက်ဆုံးနေ့ရက်၌ ဆုလာဘ်ကိုခံစားရရှိလိမ့်မည် ဖြစ်သည်။ ယေရှုရှင်သည် အသက်တာပြေးပွဲ၌သည်းခံခြင်းနှင့်သစ္စာရှိခြင်းကို အထူးကိုင်စွဲထားသည်။ ယနေ့ကျွန်ုပ်တို့ယုံကြည်ခြင်းမရှိ၊ သစ္စာမဲ့နေသည့်တိုင် ကိုယ်တော်အစဉ်တည်မြဲတော်မူသည် (၂တိ၊ ၂း၁၃)။ ကိုယ်တော်၏သစ္စာ တော်အားဖြင့်သာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတုံ့ပြန်နိုင်ပါသည်။
အဆုံးမှာ ယေရှုရှင်သည် ‘ပြည့်စုံစေသည်’ ယုံကြည်ခြင်းကိုပြည့်စုံ အောင်ကူညီပေးသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အပြေးပြိုင်ပွဲ၏ အသက်တာတိုက်ပွဲတွင် ပန်းဝင်သွားသည်အထိပြေးပြိုင်ပြသခဲ့ပြီးဖြစ်သည်။ ကိုယ်တော်မည်သို့ပြေးခဲ့ပါသနည်း။ သူ၌ရှိသမျှဝန်များကိုဘေးသို့ချကာ ကျွန်ုပ်တို့အတွက်အရာခပ်သိမ်းကိုစွန့်လွှတ်ခဲ့သည် (ဖိလိပ္ဋိ ၂း၅-၈)။ အပြစ် တစ်ခါမျှမလုပ်ခဲ့။ ယေရှုဘုရားသည် ပန်းတိုင်မှဆုလာဘ်ကိုစူးစိုက်ကာ မျက်ခြည်မပြတ်လှမ်းမျှော်ကြည့်ခဲ့သည်။ သူ၏ရှေ့တွင်ချထားသောဝမ်းမြောက် ခြင်းကိုသာ အာရုံပြုထားသည်။ ကိုယ်တော်၏ကရုဏာတော်အားဖြင့် လူသားအပေါင်းကိုကယ်တင်ရန် အားစိုက်လျက်လုပ်ဆောင်တော်မူသည်။ ထိုကြောင့် ကိုယ်တော်သည်အထင်မှားခြင်း၊ မတရားပြုခြင်းများကို သည်းခံ တော်မူခဲ့သည်။ ကပ်တိုင်၏ရှက်ရွံ့ဖွယ်အမှုကို ကိုယ်တော်မမှုခဲ့ပါ (ဟေဗြဲ ၁၂း၂၊ ၃)။
ယခုတွင်ပြေးပွဲသည် ကျွန်ုပ်တို့၏အလှည့်ကျလာပြီ။ ကျွန်ုပ်တို့၏ ခွန်အားဖြင့်မရနိုင်သော်လည်း ယေရှုရှင်ရှိနေပါသည်။ ပြည့်စုံသော ကိုယ်တော်၏ဥပမာနမူနာသည်ရှိပြီးသားဖြစ်သည်။ ကိုယ်တော်ကိုယုံကြည် ခြင်းဖြင့်မျှော်ကြည့်လျက် (အခြားသူများနှင့်နောက်ကျနေသော်လည်း) ရှေ့သို့ ပြေးတက်ပါ။ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကိုကိုးစားယုံကြည်ကာ ကတိတော်အတိုင်းမြတ်သောဆုလာဘ်ကိုပိုင်ဆိုင်ရပါလိမ့်မည်။
သောကြာ
မတ် ၁၁
ဆက်လက်လေ့လာရန်။
ယုံကြည်ခြင်းဖြင့် သင်သည် ခရစ်တော်၏လူဖြစ်လာသည်။ သင်သည် ယုံကြည်ခြင်း၌ ကိုယ်တော်တွင်ကြီးပွားသွားလိမ့်မည်။ အပေးအယူ လုပ်ခြင်းဖြင့် သင်သည် ကိုယ်တော်ကိုပိုင်ဆိုင်ရလိမ့်မည်။ သင်၌ရှိသမျှကို အပ်ရမည်။ သင်၏နှလုံးသား၊ သင်၏စိတ်ဆန္ဒ၊ သင်၏ဆက်ကပ်မှု၊ သင့်ကိုယ်ကိုအပ်နှံပြီး ကိုယ်တော်ပညတ်ချက်တောင်းဆိုသမျှကိုလိုက်လျှောက် ရယူရန်လိုသည်။ ခရစ်တော်၌ကောင်းချီးအလုံးစုံအပြည့်အဝရှိသည်။ ကိုယ်တော်သည် သင်၏နှလုံးသားတွင်း၌ကိန်းအောင်းစေရမည်။ သင်၏ ခွန်အား၊ သင်၏ဖြောင့်မတ်ခြင်း၊ သင်၏ကယ်တင်ခြင်းအတွက် မစပေးသူ ဖြစ်လျက် သင်၏နာခံခြင်းအားအင်ကို ကိုယ်တော်အားဆက်ကပ်ပေးရမည်။ Ellen G. White, Steps to Christ, p. 70.
လုံလောက်သောအကြောင်းပြချက်နှင့် ယုံကြည်ခြင်းအစစ်အမှန်ကို အခြေခံသောအကြောင်းမရှိဘဲ ဘုရားသခင်သည် သူ့အားယုံကြည်ရန် စေခိုင်း ခြင်းမပြုပါ။ ကိုယ်တော်ရှိတော်မူကြောင်း၊ ကိုယ်တော်၏စာရိတ္တတော် နှုတ်ကပတ်တော်သည် အမှန်တရားနှင့်ပြည့်ဝကြောင်းနှင့် ထိုအကြောင်းအရာ အားလုံးသည် ကျွန်ုပ်တို့အတွက်သက်သေတည်ဆောက်ရန်ဖြစ်သည်။ သက်သေခံချက်များစွာရှိပါသည်။ သံသယစိတ်ကို ဘုရားရှင်ကိုယ်တော်တိုင် လုံးဝမဖယ်ရှားပေးပါ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အချက်အလက်အပေါ် အခြေခံရမည်။ ပြသခြင်းဖြင့်မလိုပါ။ သံသယစိတ်ဝင်လိုသူများအတွက် အခွင့်အရေးရှိပါသည်။ သမ္မာတရားကိုအစစ်အမှန်သိမြင်လိုသူသည် အချက် အလက်များစွာကိုရှာဖွေစုဆောင်းပြီး ယုံကြည်ချက်ကိုတည်ဆောက်လိမ့်မည်။
အတိုင်းအဆမရှိအကန့်အသတ်မဲ့သောဉာဏ်ပညာနှင့်ပြည့်စုံသည်။ ဘုရားရှင်၏လုပ်ဆောင်မှုအပေါင်းကို အကန့်အသတ်အတိုင်းအတာနှင့် ရှိသောလူ၏ဦးနှောက်ကလိုက်၍မမီနိုင်ပါ။ လူ၏အသိဉာဏ်သည် အလွန် သေးငယ်လှသည်။ မြင့်စွာသောဉာဏ်ပညာတော်ရှိတော်မူသည်။ ဘုရားရှင် သည် နက်နဲသောအမှုအရာကို ချန်လှပ်ထားစမြဲဖြစ်သည်။ ‘‘သင်သည် ဘုရားသခင်၏ဇာတိတော်ကိုစစ်၍တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ဇာတိ ကိုစစ်၍အကုန်အစင်နားလည်သလော။ မိုးကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက်နက်သည်ဖြစ်၍ သင်သည် အဘယ်သို့သိနိုင်သနည်း’’ (ယောဘ ၁၁း၇၊ ၈)။ Ellen G. White, Steps to Christ, p. 105.